7.4
428,075
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.7 GB

Credit

200

Shang-Chi and the Legend of the Ten Rings (2021)

Action, Adventure, Fantasy

Credits 200

ဒီတစ်ခါတော့ Marvel Studio ပရိသက်ကြီးအတွက်အလှည့်ကျလာပါပြီနော်။ Marvel Super Hero တွေထဲက Shang Chi ဆိုတဲ့ တရုတ် Character အသစ်လေးကို 2021 စက်တင်ဘာမှာ Marvel ကမိတ်ဆက်ပေးလိုက်ခဲ့ပြန်ပါပြီ။ ရှောင် (ရှန်ချီ) ဟာ အမေရိကန်နိုင်ငံဆန်ဖရန်စစ်စကိုမြို့မှာနေထိုင်ပြီး တစ်ဦးတည်းသောသူငယ်ချင်း အမေရိကန်နိုင်ငံဖွား တရုတ်မလေးကက်တီနဲ့အတူ အသက်မွေးဝမ်းကြောင်းအနေနဲ့ ဟိုတယ်မှာကားပါကင်ထိုးပေးတဲ့အလုပ်ကိုလုပ်ပါတယ်။ ကားတွေ့ရင် မမောင်းရမနေနိုင် အသားကုန်သောင်းကျန်းတဲ့ ကက်တီ နဲ့ ရိုးရိုးအေးအေးနဲ့သဘောကောင်းတဲ့ ရှောင်တို့ဟာ တစ်နေ့မှာတော့ဘတ်စ်ကားပေါ်က ထူးဆန်းတဲ့လူဆိုးအဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံကြချိန်မှာတော့ လူရိုးလေး သူငယ်ချင်းရှောင်ဟာ ထင်သလောက်မရိုးရှင်းမှန်း ကက်တီသိသွားခဲ့ပါတယ်။ ၁၀နှစ်တိုင်တိုင် ကက်တီနဲ့ သူငယ်ချင်းတွေအဖြစ် နီးကပ်စွာပေါင်းသင်းလာပြီး အကြောင်းအားလုံးသိတယ်လို့ထင်ခဲ့ပေမယ့် ဘာတစ်ခုမှမသိခဲ့ရဘဲ ရှုပ်ထွေးလွန်းလှတဲ့ရှောင်ရဲ့ဘဝနောက်ကြောင်းကြောင့် သူတို့နှစ်ယောက်ရဲ့အေးချမ်းနေတဲ့ဘဝကနေ ရုတ်တရက်ဆိုသလို မှော်ဆန်ဆန်အဖြစ်အပျက်တွေကိုရင်ဆိုင်ရချိန်မှာတော့... Marvel ကရုပ်ရှင်တွေဆိုရင်တော့ အမိုက်စားတွေချည်းဖြစ်မယ်ဆိုတာ ပရိသက်အားလုံးလည်း သိထားပြီးဖြစ်တာမို့ အထူးတလည်တော့ညွှန်းမနေတော့ပါဘူးနော်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။