6.4
3,609
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.9 GB

Credit

100

Blind Detective (2013)

Action, Comedy, Crime

Credits 100

အမှုဖော်ထုတ်ရာမှာ အရမ်းတော်တဲ့ စုံထောက် Johnstonဟာ သူ့ရဲ့အမြင်အာရုံဆုံးရှုံးခဲ့ရပြီးနောက်မှာတော့ အလုပ်ကနေအငြိမ်းစားယူလိုက်ရပါတယ်။ စားဝတ်နေရေးအတွက် အမှုဟောင်းတွေကို ပြန်လည်ဖော်ထုတ်ပြီးရလာတဲ့ ဆုငွေတွေနဲ့ နေထိုင်နေရသူပါ။ တစ်ရက်မှာ အက်ဆစ်ဘူးကို အမြင့်တစ်နေရာကနေပစ်ချတဲ့အမှုတစ်ခုကို လိုက်ရာကနေ အမျိုးသမီးစုံထောက်ပေါက်စ Ho Ka Tungနဲ့ အမှတ်မထင်ဆုံမိသွားပါတယ်။ အမြင်အာရုံချို့တဲ့ပေမဲ့လည်း လေးစားဖို့ကောင်းလောက်တဲ့အရည်အချင်းတွေရှိနေတဲ့ Johnstonကို Ho Ka Tung တစ်ယောက် သိပ်ကိုလေးစားအားကျမိသွားပါတယ်။ အဲဒီအခါမှာ Ho Ka Tung ဟာ သူမဖြေရှင်းနိုင်တဲ့ သူ့ရဲ့ကိုယ်ပိုင်အမှုတစ်ခုကိုဖော်ထုတ်ပေးဖို့ Johnston ကိုတောင်းဆိုလိုက်ပါတယ်။ သူတို့နှစ်ယောက်အတူ အဲဒီအမှုကို ဖော်ထုတ်ကြရင်း တခြားဘယ်လိုအမှုဟောင်းတွေကို ဖော်ထုတ်ကြမယ်ဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။