5.2
27,055
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Mutant Chronicles (2008)

Action, Adventure, Mystery

Credits 200

ကောင်းကင်ဘုံမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်သွားပြီး နတ်ဆိုးက ရှုံးနိမ့်သွားတယ်။ ရှုံးနိမ့်သွားတဲ့ နတ်ဆိုးဟာ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာပြီး အမုန်းတရားနဲ့ ကလဲ့စားချေလိုစိတ်တွေပဲ ပြည့်နေခဲ့တယ်။ ဒါကြောင့် ကလဲ့စားချေဖို့အတွက် လူသားတွေကို ဗီဇပြောင်းပစ်ပြီး ကမ္ဘာကြီးကို ဖျက်ဆီးပစ်ဖို့ စက်ကြီးတစ်ခု ဖန်တီးခဲ့တယ်။ အဲဒီလိုနဲ့လူသားတွေဟာကပ်ဆိုးအမျိုးမျိုးတွေကို ရင်ဆိုင်ခဲ့ရပြီးနောက်မှာ နတ်ဆိုးကိုအနိုင်ရရှိပြီး စက်ကြီးကို ကမ္ဘာမြေအောက်မှာ ပိတ်ထားခဲ့တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ဗီဇပြောင်းသတ္တဝါတွေရောက်ရှိလာပြီး ကမ္ဘာကြီးကို ဖျက်ဆီးပြန်တယ်။ ဒီတစ်ခါတော့ စက်ကြီးကိုဖျက်ဆီးပစ်ပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက် ဘုန်းတော်ကြီးတစ်ပါးနဲ့ တပ်သား အယောက် ၂၀ က စက်ကြီးကို ရှာဖွေကြမှာပါ။ ပြန်လမ်းမရှိတဲ့ သူတို့တွေ ကမ္ဘာကြီးကို ကယ်တင်နိုင်မလားဆိုတာတော....ဆက်လက်ကြည့်ရှုခံစားပေးကြပါ။ အာကာသစွန့်စားခန်းတွေ ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စရာ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်မှာပါ။ ဒီ ဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Marip Pan ဖြစ်ပါတယ်