လူတွေ စားသုံးနေ သုံးစွဲနေတဲ့ စားစရာတွေ အသုံးအဆောင်တွေဘက်က ယုံကြည်မှုတွေ အမြင်တွေကို ကမောက်ကမ မြင်တွေ့ရမှာဖြစ်ပါတယ်။ အစမှာတော့ ဖရန့်ဆိုတဲ့ ၀က်အူချောင်းနဲ့ ဘရန်ဒါဆိုတဲ့ ပေါင်မုန့်မလေးက အဓိကဇာတ်လိုက်တွေဖြစ်ပြီး တခြားသူတို့ ဘော်ဒါစားစရာတွေနဲ့အတူ စူပါမားကက်ထဲမှာ ပျော်ပျော်နေနေကြပါတယ်။
သူတို့တွေ ယုံကြည်ကြတာက လူသားတွေက နတ်ဘုရားတွေဖြစ်ပြီး သူတို့ကို ရွေးသွားရင် ပျော်စရာကောင်းတဲ့ Great Beyond ဆိုတဲ့နေရာကြီးကို ရောက်သွားကြမှာပါတဲ့။ အဲ့နေရာကို သူတို့အကုန် ရောက်ချင်တဲ့အတွက် အရွေးခံချင်ကြတာပေါ့။ နောက်တော့ ဖရန့်တို့၀က်အူချောင်းအုပ်စုနဲ့ ဘရန်ဒါတို့ပေါင်မုန့်အုပ်စု အ၀ယ်ခံလိုက်ရပြီး ဇာတ်တွေရှုပ်ရင်း ဖရန့်က ကြောက်စရာအမှန်တရားကြီးကို သိလိုက်ရပါရော...
လူသားတွေက သူတို့ကို ရက်ရက်စက်စက် စားသုံးတာကို သိလိုက်ရပြီး ဖရန့်က သူ့သူငယ်ချင်းတွေ ယုံအောင် ဘယ်လိုနားချမလဲ သူတို့ ဘယ်လို ကိုယ့်ကိုကိုယ် ကယ်တင်ကြမလဲဆိုတာ ဟာသဆန်ဆန် ရှုစားရမှာပါ။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။