6.1
3,972
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4.3 GB

Credit

500

Confucius (2010)

Biography, Drama, History

Credits 500

တရုတ်နိုင်ငံရဲ့သမိုင်းထဲကအကျော်အမော်တွေထဲမှာကွန်ဖြူးရှပ်ဆိုတဲ့ပညာရှိကြီးတစ်ပါးကိုတော့လူတော်တော်များများကြားဖူးကြမှာပါ။သူ့ရဲ့တွေးခေါ်ပုံတွေ အယူအဆတွေ ခံယူချက်တွေ ဆိုရိုးစကားတွေကအခုထက်ထိတိုင်နာမည်ကြီးပြီး လက်တွေ့ကျင့်သုံးနေတဲ့လူတွေလဲအများကြီးရှိကြပါတယ်။သူကအဓိကအားဖြင့်လူသားဆန်မှု ရည်မွန်မှု စေတနာထားမှုတွေကိုရှေ့တန်းတင်ပြီး ဉာဏ်ပညာကလဲအလွန်ကြီးမားတဲ့အတွက်သူ့လိုပညာရှိမျိုးကိုတိုင်းပြည်တိုင်းကအလိုရှိနေကြပါတယ်။ဒါပေမယ့်ပညာရှိကြီးကသူ့ရဲ့မွေးရပ်မြေဖြစ်တဲ့လုတိုင်းပြည်မှာပဲနေပြီးဘုရင့်လက်အောက်မှာတာဝန်ထမ်းဆောင်နေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းအတွင်းဝန်ရာထူးတိုးသွားပြီးနောက်မှာသူ့ရဲ့တာဝန်ယူစရာတွေကများလာခဲ့သလိုအန္တရာယ်တွေလဲများလာခဲ့ပါတော့တယ်။ နောက်ဆုံးမှာတော့မသမာသူတွေရဲ့အကောက်ကြံမှုကြောင့်ကွန်ဖြူးရှပ်တစ်ဖြစ်လဲကုန်ကျူကိုနယ်နှင်ဒဏ်ပေးခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းပညာရှိကြီးအနေနဲ့ဘယ်လိုကြမ်းတမ်းခက်ခဲတဲ့ပြဿနာတွေကိုရင်ဆိုင်ရပြီးဘာတွေဆက်ဖြစ်ခဲ့မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့ ၂၀၁၀ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ကွန်ဖြူးရှပ်သမိုင်းကြောင်းကိုအသေးစိတ်ရိုက်ကူးပြသထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်