5.5
3,985
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

3.9 GB

Credit

100

The Battle at Lake Changjin (2021)

Action, Drama, History

Credits 100

ဒီကားလေးကတော့ ၁၉၅၀ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံ ချန်းဂျင်ရေကန်နားမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-အမေရိကန်တိုက်ပွဲအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားကတော့ တရုတ်နိုင်ငံမှာ ရိုက်ကူးရေးအတွက် ပိုက်ဆံအများဆုံးသုံးထားတဲ့ကားလည်းဖြစ်ပြီး ဒေါ်လာသန်း၂၀၀ကျော် သုံးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဝူချန်းလီဆိုတဲ့ တပ်ခွဲမှူးတစ်ယောက်က အားလပ်ရပ်ရလို့ သူ့မိသားစုရှိတဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ သူ့မှာ ဝူဘိုင်းလီဆိုတဲ့ အစ်ကိုတစ်ယောက်နဲ့ ဝူဝမ့်လီဆိုတဲ့ ညီတစ်ယောက်ရှိပါတယ်။ အစ်ကို ဘိုင်းလီကတော့ တပ်ထဲမှာပဲ စစ်တိုက်ရင်း ဆုံးသွားပါတယ်။ ဝူချန်းလီဟာ နားရပ်ရလို့ ပြန်လာခဲ့တာဆိုပေမဲ့ ကိုရီးယားစစ်ပွဲမှာ ပါဝင်ကူညီပေးဖို့ ဆုံးဖြတ်လိုက်တဲ့ အကြီးအကဲတွေကြောင့် သူလည်း တပ်ထဲကို ပြန်လာခဲ့ရပါတော့တယ်။ ပြန်သွားရမယ်ဆိုတဲ့အခါ သူ့ရဲ့ညီ ဝမ့်လီကလည်း လိုက်ချင်တယ်လို့ တောင်းဆိုပါတယ်။ ဝူချန်းလီက ပေးမလိုက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ညီက သူမသိအောင် လိုက်လာပါတော့တယ်။ အဲဒီလိုနဲ့ သူညီလည်း တပ်ထဲဝင်လာခဲ့ပါတော့တယ်။ ညီအစ်ကိုနှစ်ယောက် စစ်မြေပြင်မှာ ဘာတွေဆက်ဖြစ်မလဲ၊ လက်နက်အင်အားကွာခြားလွန်းတဲ့ အမေရိကန်တပ်တွေကို တရုတ်တပ်တွေက ဘယ်လိုပြန်တိုက်ခိုက်ကြမလဲဆိုတာကို ရိုက်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Maria ဖြစ်ပါတယ်။