7.2
400,702
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

The Suicide Squad (2021)

Action, Adventure, Comedy

Credits 200

အားလုံးစောင့်မျှော်နေကြတဲ့ ဗရုတ်သုတ်ခအဖွဲ့ The Suicide Squad စူပါဟီးရိုးဇာတ်ကားလေးပါ တောင်အမေရိကကျွန်းစွယ်မှာရှိတဲ့ Corto Maltese ဆိုတဲ့ ကျွန်းနိုင်ငံလေးမှာ အရင်အုပ်ချုပ်ခဲ့တဲ့ သမ္မတမိသားစုကို သတ်ဖြတ်ပြီး စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ် အဲ့ဒီနိုင်ငံမှာပဲ Jotunheim ဆိုတဲ့ သိပ္ပံစမ်းသပ်ခန်းတစ်ခုမှာ Project Starfish ဆိုပြီး တခြားဂြိုလ်က သတ္တဝါကြီးကို လူသားတွေကိုထိန်းချုပ်ဖို့အတွက် မွေးမြူပြီးစမ်းသပ်နေတဲ့ စီမံကိန်းတစ်ခုလုပ်ဆောင်နေတယ်လို့ အမေရိကန်ဘက်က သတင်းရခဲ့ပါတယ် အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင်ကလည်း အမေရိကန်ဆန့်ကျင်ရေးသမားအဖြစ် နာမည်ကြီးတဲ့သူ ဖြစ်နေတော့ အမေရိကန်ဘက်က စိုးရိမ်ပြီး အဲ့ဒီစီမံကိန်းကို ဖျက်ဆီးဖို့အတွက် Suicide Squad အဖွဲ့ကို အဲ့ဒီနိုင်ငံကို စေလွှတ်ပြီး တာဝန်ပေးလိုက်ပါတယ် ဒီဇာတ်ကားရဲ့ အဓိကဇာတ်လိုက်တွေဖြစ်တဲ့ Suicide Squad အဖွဲ့သားတွေအနေနဲ့ ဒီတာဝန်ကို အောင်မြင် အောင်ထမ်းဆောင်နိုင်ပါ့မလား ဘယ်လိုတလွဲတွေဖြစ်ဦးမလဲ ပြီးတော့ အဲ့ဒီစီမံကိန်းနောက်ကွယ်မှာရော ဘာတွေရှိနေလဲဆိုတာကို ဒီဇာတ်ကားမှာ အကြမ်းစားတိုက်ကွက်နေတဲ့အတူ ကြည့်ရှုရမှာပါ ဒီဇာတ်ကားကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moh Moh ဖြစ်ပါတယ်