6.1
4,557
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.1 GB

Credit

100

High Risk (1995)

Action, Comedy, Crime

Credits 100

ဗုံးရှင်းလင်းရေးအဖွဲ့ဝင် Kit Li(Jet Li)ဟာခြိမ်းခြောက်ငွေညှစ်မှုတစ်ခုရဲ့ဗုံးပေါက်ကွဲရာမှ သူ့မိန်းမနဲ့သားလေးကို ဆုံးရှုံးလိုက်ရပါတယ်။ သူကိုယ်တိုင်ရှင်းလင်းခဲ့တဲ့ဗုံးပေါက်ကွဲသွားခဲ့ကြောင့် သူ့မိသားစုအပြင် တခြားကလေးများစွာလည်း သေခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် စိတ်ဓာတ်ကျကာ ရဲအလုပ်ကထွက်ပြီး အက်ရှင်စတား Frankie ရဲ့လူစားထိုးစတန့်သမားတစ်ယောက်အဖြစ်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာ အက်ရှင်စတားFrankieကို ဟိုတယ်တစ်ခုမှာကျင်းပတဲ့ရတနာပြပွဲကိုဖိတ်ကြားခံခဲ့ရပါတယ်။ Kit Liရဲ့မိသားစုပြိုကွဲခဲ့ရတဲ့ ခြိမ်းခြောက်ငွေညှစ်မှုကိုကျူးလွန်ခဲ့တဲ့သူဟာ ဒီတစ်ခါရတနာပြပွဲကိုလည်း လုယက်ဖို့ကြံစည်နေပါတယ်။ ဒီလိုကြံစည်နေတာကို Frankieနဲ့အတူလိုက်လာတဲ့ Kit Li အမှတ်မထင်သိရှိသွားခဲ့တဲ့အခါ သူကြုံတွေ့ခဲ့ရသလိုအဖြစ်မျိုး ထပ်မဖြစ်အောင် သူတားဆီးနိုင်ပါ့မလား.....။ မတရားလုယက်နေတဲ့ ဂိုဏ်းအဖွဲ့ကိုရော ဖမ်းဆီးနိုင်ပါ့မလား....။ ဒီဇာတ်လမ်းလေးထဲမှာ Jet Liရဲ့ အမိုက်စားကွန်ဖူးတွေနဲ့အတူ ရင်သပ်ရှုမောစရာ စွန့်စားခန်းတွေကို ဟာသလေးတွေရောယှက်ရင်းကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။