အဓိကရုပ်ရှင်Rating နှစ်ခုမှာမဆိုးတာထက်ကောင်းတဲ့ ဒီကားဟာ အချို့လူတွေအတွက်တော့ ရတနာတစ်ခုဖြစ်နေနိုင်ပေမယ့် အချို့လူတွေအတွက်ကတော့ ဇာတ်ကားအဓိပ္ပာယ်နဲ့ ဘာပြောချင်လဲဆိုတာကိုတောင် သိမှာမဟုတ်ပါဘူး ဇာတ်ကားဟာအမှန်တကယ်မှာလည်း တကယ့်ပြချင်တဲ့ရှုထောင့်တစ်ခုမရှိပဲ ပုံမှန်ဇာတ်လမ်းတွေကနေကွဲထွက်နေပြီး သင်မြင်နိုင်တဲ့ရှုထောင့်ပေါင်းစုံကနေ ပညာယူနိုင်တဲ့ဇာတ်ကားလေး တစ်ခုဖြစ်ပါတယ် Anne Hathawayလိုမင်းသမီးချောလေးဟာ မရင့်မကျက်နဲ့လုပ်ချင်ရာလုပ်တဲ့ Paul graffနေရာကနေ သရုပိဆောင်ထားတဲ့ Bamks Repetaရဲ့ အမေအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းဟာ၁၉၈၀ မှာအခြေခံထားတာဖြစ်ပြီး အဲဒီတုန်းက လူမျိုးရေးခွဲခြားမှုတွေနဲ့ ကောင်းမွန်တဲ့ လွမ်းဆွတ်စရာအတိတ်ဟောင်းတွေကိုလည်း ခံစားကြည့်ရှုနိုင်ကြမှာပါ ဇာတ်လမ်းဟာ အတက်အကျဆိုတဲ့ပုံမှန်အရာမျိုးမရှိပေမယ့် နေ့လည်ခင်းအေးအေးဆေးဆေးလေးမှာ ကြည့်ရှု ဖို့သင့်တဲ့ဇာတ်ကားကောင်းလေ းတစ်ကားဖြစ်ပါတယ်
ဒီဇာတ်ကားမှာ တိတိကျကျ pointမရှိသော်ငြားလည်း လုပ်ချင်ရာလုပ်သူငယ်ချင်းနှစ်ယောက်ရဲ့chemistryမိနေတာတွေ မိဘတွေရဲ့အတ္တတွေ ကလေးတွေကိုမသိပဲပေးမိနေတဲ့သူတို့ရဲ့ဒုက္ခတွေနဲ့ traumaတွေ အခုချိန်ထိရှိနေသေးတဲ့လူမျိုးရေးခွဲခြားတာတွေကို ဒီဇာတ်လမ်းက ကွက်ကွက်ကွင်းကွင်းမဟုတ်ရင်တောင် အတွေးထဲကျန်ရစ်နေစေခဲ့မယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့အတွက် ကြည့်ရှုံစားနိုင်ကြဖို့တင်ဆက်ပေးရင်းနဲ့ပဲ....
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tissue ဖြစ်ပါတယ်