5.6
46,810
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

The Ice Road (2021)

Action, Adventure, Thriller

Credits 200

The Ice Roadဇာတ်ကားကတော့ မင်းသားကြီးLiam Neesonရဲ့ Adventureကားသစ်တစ်ကားဖြစ်ပါတယ်။ Mikeက နေမကောင်းဖြစ်နေတဲ့ ညီငယ်ကို စောင့်ရှောက်နေရတဲ့ ကားမောင်းသမားတစ်ယောက်ဖြစ်တယ် လက်ရှိအလုပ်ကနေ အထုတ်ခံလိုက်ရပြီးနောက်မှာ သူညီနဲ့အတူအလုပ်သစ်ရှာနေရင်း အလုပ်ခေါ်စာတစ်ခုကို တွေ့ခဲ့တယ် အဲ့အလုပ်ကတော့ မြောက်ပိုင်းစွန်းကမိုင်းတွင်းတစ်ခု ပေါက်ကွဲသွားတဲ့အတွက် အဲ့မှာပိတ်မိနေတဲ့မိုင်းတူးသမား ၂၆ယောက်ကို ကယ်ဆယ်ပေးဖို့လိုအပ်နေတဲ့ ၂၅တန်လေးတဲ့စက်တွေကို နာရီသုံးဆယ်အတွင်း ရောက်အောင်ပို့ပေးရမှာဖြစ်တယ်။ဒါပေမဲ့ ဒီအလုပ်က ထင်ထားသလိုမရိုးရှင်းနေခဲ့ဘူး။ ကားမောင်းရာသီမဟုတ်တဲ့ April လကြီးမှာ ၂၅တန်လောက်လေးတဲ့ စက်ကိုတင်ထားပြီး ရေခဲနေတဲ့ ကန်ကို ‌ဖြတ်မောင်းရမှာက အသက်ကိုစွန့်စားရမဲ့အလုပ်တစ်ခုပါပဲ။ Mikeနဲ့သူညီက ဒီအလုပ်ကိုလက်ခံလိုက်တဲ့အတွက် အခြားဒါရိုက်ဘာနှစ်ယောက်နဲ့အတူ အန္တရာယ်များတဲ့ခရီးကိုစတင်ခဲ့တယ်။ ဒါပေမဲ့ ဒီခရီးကအန္တရာယ်များတဲ့အပြင် အခြားလှည့်စားမှုတွေပါရှိနေတာကို သိလိုက်ရတဲ့ Mikeတို့ညီအကိုတွေ ရေခဲလမ်းကို အန္တရာယ်ကင်းကင်းဖြတ်သွားနိုင်ပြီး ပိတ်မိနေတဲ့လူတွေကိုအချိန်မှီကယ်ဆယ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ အညွန်းနဲ့ဘာသာပြန်သူကတော့ Nora ဖြစ်ပါတယ်