ထွက်ရှိထားတာဆယ်နှစ်ကျော်နေပြီဖြစ်တဲ့'Enthiran'ဆိုတဲ့ဒီကားဟာဆိုရင် အိန္ဒိယနိုင်ငံရဲ့နည်းပညာပိုင်းကိုဦးစားပေးရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ကျွမ်းကျင်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဗာစီဂါရန်ဟာစက်ရုပ်တစ်ရုပ်ဖန်တီးရန်ရည်မှန်းချက်ပြင်းပြပြီး အလုပ်ကိုအရူးအမူးကြိုးစားနေတဲ့သူတစ်ယောက်ပါ။ဆယ်နှစ်ကြာအချိန်ယူပြီးကြိုးစားခဲ့ပြီးနောက်မှာတော့ သူတီထွင်ထားတဲ့စက်ရုပ်အားအံ့အားသင့်ဖို့ကောင်းလောက်အောင်ကို သာမာန်ထက် တော်လွန်းနေခဲ့ပါတယ်။
အချိန်ယူကြိုးစားခဲ့တဲ့ရလဒ်ကြောင့်ပျော်ရွှင်နေတဲ့ ဗာစီတစ်ယောက်မတင်းတိမ်နိုင်သေးပဲ ထိုစက်ရုပ်ကိုတကယ့်လူရဲ့ခံစားချက်တွေကိုပါထည့်သွင်းပေးလိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ? စက်ရုပ်ကလူသားလိုခံစားလို့ရနိုင်ပါ့မလား? ဆိုတဲ့မေးခွန်းပေါင်းများစွာကိုအဖြေရှာရင်းကြည့်ရှုရမှာပါ။နှစ်ပေါင်းများစွာကြာသွားတာတောင် အခုအချိန်ကာလနဲ့အလိုက်ခေတ်မှီနေဆဲမို့လက်လွှတ်မခံသင့်တဲ့ကားလေးပါပဲ။
ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။