App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Great Gatsby လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
မင်းသားကြီး လီယိုနာဒိုရဲ့ အကောင်းဆုံးဇာတ်ကားတွေ လို့ပြောလိုက်ရင် အခုတင်ဆက်ပေးမဲ့ The Great Gatsby ဆိုတဲ့ကားက မပါမဖြစ်ပါပဲ။ ဒါ့အပြင် ဒီကားထဲက လီယိုနာဒို Cheers လုပ်လိုက်တဲ့ ပုံဟာ လူသုံးများတဲ့ Meme Template တစ်ခုအနေနဲ့တောင် ဖြစ်သွားပါသေးတယ်။ Cast တွေအနေနဲ့ Spider Man သရုပ်ဆောင် Tobey Maguire လည်း ပါဝင်ထားပါထားတယ်။
ဇာတ်လမ်းထဲမှာတော့ စာလည်းရေးသလို ဘွန်းစာချုပ်တွေရောင်းတဲ့ နစ်ခ်ကာရာဝေး (Tobey) က သူ့ရဲ့ဆန်းကြယ်လှတဲ့ဘီလျံနာအိမ်နီးချင်း ဂတ်စ်ဘီ (လီယိုနာဒို)အကြောင်းကို ပြောပြနေတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားပါတယ်။
တစ်နေ့မှာတော့ နစ်ခ် ဟာ ခြံထဲမှာပါတီပွဲကြီးတွေလုပ်ပေးနေကျ ဘီလျံနာ ဂျေးဂတ်စ်ဘီ ဆီကနေ ပါတီဖိတ်စာရပါခဲ့ပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ဂတ်စ်ဘီအကြောင်းကိုသိချင်နေတဲ့ နစ်ခ်အတွက်တော့ အခွင့်အရေးတစ်ခုပါပဲ။ အဲဒီပါတီပွဲကိုသွားရာကနေ ဂတ်စ်ဘီ အကြောင်းကို ဘယ်လိုသိခွင့်ရမလဲ...
" ငါ့လိုလူတစ်ယောက်အတွက် ချစ်မိလိုက်တာက မဟာအမှားပဲ " ဆိုတဲ့ ဂတ်စ်ဘီကရော ငယ်ငယ်က ဘယ်လိုတွေ ကြုံတွေ့ခဲ့ရပြီး ဘီလျံနာဖြစ်လာတာလဲ....
ဂတ်စ်ဘီချစ်တဲ့သူကရော ဘယ်သူလဲ...
"သူက ရူးနေရင်ကောင်းမယ်။ ဒီလောကကြီးထဲမှာ မိန်းကလေးတစ်ယောက်အတွက် ရူးနေရင် အကောင်းဆုံးပဲ " ဆိုပြီး ပြောတဲ့ မိန်းကလေးကရော အချစ်အတွက် ဘယ်လောက်တောင် စောင့်စားခဲ့ရလို့လဲ...
ဒါ့အပြင် မျှော်လင့်ချက်ကြီးတဲ့ ဂတ်စ်ဘီတစ်ယောက် နောက်ဆုံး အချစ်ရေးမှာရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကို IMDB 7.2 အထိ ရရှိထားပြီး 2 နာရီကျော်ကြာတဲ့ ဒီဇာတ်ကားထဲမှာ တွေးစရာတွေနဲ့အတူ ကြည့်ရှုကြရမှာပါ။
ဒီဇာတ်ကားကို ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Max ဖြစ်ပါတယ်။