4.1
36,432
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Jason Goes to Hell (1993)

Fantasy, Horror, Thriller

Credits 200

ဒီတစ်ခါတော့ Friday 13th ရုပ်ရှင်တွေထဲက ဇာတ်လိုက်ကျော်ကြီး ဂျေဆင် ငရဲကိုသွားရတဲ့ နောက်ဆုံး Final အပိုင်းဖြစ်ပါတယ်။ ရှေ့ပိုင်းတွေမှာ ဂျေဆင်ကို ဘယ်လိုပဲသတ်သတ်မသေခဲ့ဘဲ ခရစ္စတယ်ရေကန်နားမှာ ပြန်ပြန်ပေါ်လာပါတယ်။ ခုတစ်ခေါက်မှာတော့ FBI အေးဂျင့်တွေက ဂျေဆင်ကို ဖောက်ခွဲပစ်ပြီး ကျည်‌တွေနဲ့ပါပစ်သတ်ခဲ့ပါတယ်...ဂျေဆင်သေသွားပြီဆိုပြီး အကြွင်းအကျန်တွေကို အလောင်းခွဲစိတ်တဲ့ဆီ ယူလာပါတယ်။ ထူးဆန်းတာက ကျန်တဲ့အစိတ်အပိုင်းတွေ မီးလောင်ကျွမ်းသွားပေမယ့် ဂျေဆင်ရဲ့နှလုံးက ဆက်ခုန်နေသေးတာပါပဲ။ အဲ့မှာပဲ နှလုံးက အလောင်းခွဲစိတ်သူဆီရောက်သွားပြီး ဂျေဆင်အဲ့နေရာကနေ လွတ်လာပါတယ်။ တစ်ဖက်မှာလည်း ဂျေဆင်ကို အဆုံးသတ်ပေးဖို့ နည်းသိတဲ့ ဆုကြေးငွေယူတဲ့မုဆိုး ခရိတ်တင်ဒုကို ငှားထားပြီး ဂျေဆင်ကိုမွေးဖွားခဲ့တဲ့မြို့ဆီလွှတ်လိုက်ပါတယ်။ အဲ့မြို့မှာ ဂျေဆင်က ပိုစွမ်းအားကောင်းအောင် ဘယ်လိုတွေ ဆက်ကြံစည်ဦးမလဲ...သူပြန်လည်မွေးဖွားဖို့ ဘာတွေလိုအပ်တာလဲ...နောက်ဆုံးမှာ သူ ငရဲကိုသွားရမလားဆိုတာ...စောင့်ကြည့်အားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်