7.5
335,022
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Hugo (2011)

Adventure, Drama, Family

Credits 200

ဒီတစ်ခါတော့ 2011 ကထွက်ခဲ့တဲ့ အင်္ဂလိပ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hugo ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးကတော့ 1930 ခုနှစ်ဝန်းကျင် ပဲရစ်မြို့ကမီးရထားဘူတာရုံလေးမှာ တစ်ယောက်တည်းနေခဲ့တဲ့အသက် 12 နှစ်အရွယ် ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါသူ့အဖေမုဆိုးဖိုကတော့ မသေခင်ထိ နာရီပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူပါဟူဂိုဟာ သူ့ဖခင်ဆီက အဲပညာကိုအမွေဆက်ရခဲ့ပါတယ်သူဟာ ဘူတာရုံနာရီစင်ကြီး ပုံမှန်လည်ပတ်ဖို့ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာပါသူ့အဖေမသေဆုံးခင်မှာ သူ့ကိုထားပေးခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိပါသေးတယ် အဲစက်ရုပ်လေးမှာ အထူးပြုလုပ်ထားတဲ့သော့လေးမရှိရင် ဘာမှအလုပ်မလုပ်နိုင်ပါဘူးဟူဂိုက သေဆုံးသွားတဲ့ သူ့အဖေနဲ့ပတ်သက်တဲ့ မယ်မိုရီတွေကို သိနိုင်ဖို့ သော့လေးကိုရှာဖို့ လိုတယ်ဆိုတာ သိလာတဲ့တစ်နေ့ ဟူဂိုတစ်ယောက်ဘာတွေ ဆက်လုပ်မလဲ ဘာတွေကြုံရမလဲ သူလိုချင်တာကို နောက်ဆုံးမှာ ရနိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းအပြည့်အစုံကို ကြည့်ရှုအားပေးကြပါလို့မှော်ဆန်ဆန် ဆန်းကြယ်ဖြစ်ရပ်ဇာတ်ကားလေးတွေကိုရူးသွပ်ကြတဲ့ ပရိသတ်တွေ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ