5.7
55,360
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Chaos Walking (2021)

Action, Adventure, Fantasy

Credits 200

ဒီတစ်ခါ နာမည်ကြီးspider manမင်းသား Tom Hollandရဲ့ဇာတ်ကားသစ်ကိုတင်ဆက်ပေးလိုက်ပါတယ် Sci-Fiအမျိုးအစားဖြစ်ပြီး ကမ္ဘာပျက်ကြလို့လူတွေအခြားဂြိုလ်တွေမှာနေထိုင်ကြရတဲ့အကြောင်းကိုအခြေခံရိုက်ကူးထားပါတယ်တော့ဒ်ဟီဝစ်တို့နေထိုင်တဲ့ဂြိုလ်မှာထူးဆန်းတာကတော့ ယောက်ျားတွေရဲ့အတွေးတွေကို အသံတွေပုံရိပ်တွေအဖြစ် အခြားသူကမြင်ရကြားရတာပါပဲ ဒီအသံတွေကိုအမြဲကြားနေရတော့ သူတို့ကဆူညံသံလို့ခေါ်ကြပါတယ် တော့ဒ်ဟီဝစ်နေတဲ့မြို့မှာအမျိုးသမီးတွေအကုန်လုံးကို ဒေသခံတွေကသတ်ပစ်လိုက်တဲ့အတွက် သူ့ဘဝမှာတစ်ခါမှ မိန်းမကိုမမြင်ဖူးခဲ့ပါဘူး တစ်နေ့သူတို့ဂြိုလ်ကို အာကာသယာဉ်တစ်စီးပျက်ကျခဲ့ပြီး မိန်းကလေးတစ်ယောက်ရောက်လာခဲ့ပါတယ် တော့ဒ်နဲ့ အဲ့ဒီကောင်မလေးဆုံခဲ့ပါတယ်အမျိုးသမီးတွေရဲ့အတွေးတွေစိတ်တွေကိုတော့မမြင်ရတဲ့အတွက် သူမဘာတွေကြံစည်နေလဲမသိခဲ့ကြပါဘူး ဒါပေမယ့် သူတို့မြို့တော်ဝန်ကတော့ ကောင်မလေးကအာကာသထဲကအခြားနေထိုင်သူအသစ်တွေကိုခေါ်လာပြီး သူတို့ဂြိုလ်ကိုဖျက်စီးမယ်လို့စွပ်စွဲခဲ့ပါတယ် မြို့တော်ဝန်ရဲ့လက်ထဲကနေကောင်မလေးကို တော့ဒ်ဘယ်လိုကယ်တင်မလဲစွန့်စားခန်းတွေကိုကြည့်ရူရမှာဖြစ်ပါတယ် ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Myat Eaindray Khaing ဖြစ်ပါတယ်