မင်းသားကြီးဗန်ဒိန်းရဲ့ 2017ထွက်အက်ရှင်ကား အသစ်စက်စက်ပါ။
Jean-Claude Van Dammeအပြင် အခြားသရုပ်ဆောင်တွေဖြစ်တဲ့ Peter Stormare, Maria Conchita Alonso နဲ့
Autumn Reeser တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတစ်ခုအပြီးမှာ လူစိမ်းတစ်ယောက်က ဒေသအတွင်းကဆေးရုံတစ်ရုံကို
သေလုမျောပါးသေနတ်ဒဏ်ရာတွေနဲ့ရောက်လာပါတယ်။
ဆေးရုံမှသူနာပြုလေးမှ အသက်ကယ်နေစဉ်အချိန်အတွင်းမှာ နိုင်ငံခြားလူဆိုးဂိုဏ်းတစ်ဂိုဏ်းက
ထိုသူစိမ်းကိုသတ်ဖို့ဆေးရုံအတွင်းသို့ဝင်ရောက်လာပါတော့တယ်။
မင်းသားကြီးဗန်ဒိန်းရဲ့ထုံးစံအတိုင်း အက်ရှင်ခန်းအမိုက်စားတွေနဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်
အက်ရှင်ကားကြိုက်တဲ့ ပရိသတ်တွေ အားရကျေနပ်ကြမယ့်ဇာတ်ကားတစ်ကားပါ