6.0
27,263
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 2.1

File Size

3.3 GB

Credit

100

Tremors II: Aftershocks (1996)

Action, Comedy, Horror, Sci-Fi, Thriller

Credits 100

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Tremors 2: Aftershocks လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကားဟောင်းလေးကတော့ ဘူမိဗေဒရဲ့အစောဆုံးခေတ်က သက်ရှိတွေဖြစ်တဲ့ Graboidသတ္တဝါဆန်းကြီးတွေကို သုတ်သင်ရတဲ့ Action, Thriller အမျိုးအစား ဒုတိယမြောက်ကားဖြစ်ပါတယ်။ 1996 မှာ ထွက်ခဲ့ပေမယ့် သူ့ရဲ့ graphic နဲ့ နည်းပညာက သိပ်မဆိုးဘူးပြောရပါမယ်။ မက္ကဆီကန် ရေနံသန့်စင်စက်ရုံနားတစ်ဝိုက်မှာ graboid ကောင်တွေ သောင်းကျန်းပြီး လူတွေကို အန္တရာယ်ပေးနေတာကြောင့် တစ်ချိန်က ဒီသတ္တဝါတွေကို သုတ်သင်ခဲ့တဲ့ နာမည်ကျော်မု‌‌ဆိုး အားလ်ဆီ လာအကူအညီတောင်းကြပါတယ်။ တစ်ကောင်သတ်နိုင်ရင် ဒေါ်လာသောင်းချီရမှာမို့ အားလ်နဲ့ လူသစ်လေး ဂရေဒီတို့က မစ်ရှင်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ပါတယ်။ ဒါမဲ့ ဒီတစ်ခါမှာ သတ္တဝါဆန်းကြီးတွေက အရင်လိုမဟုတ်ဘဲ ပိုးတုံးလုံးလို အသွင်ပြောင်းလာနိုင်တဲ့အခါ...အားလ်က သူ့မိတ်ဆွေဟောင်းကြီး ဘက်ကိုပါ အကူအညီခေါ်ပြီး နှိမ်နင်းရပါတော့တယ်။ တီကောင်လို့ သူတို့တွေ နာမည်ပြောင်ပေးထားတဲ့ ဒီအကောင်ကြီးတွေရဲ့ အမဲလိုက်ပုံ အာရုံခံပုံ ဘယ်သတ္တဝါမှာမှ မရှိတဲ့ ဗီဇအဆန်းတွေကို မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်