7.6
324,987
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

3.9 GB

Credit

300

Bridge of Spies (2015)

Drama, History, Thriller

Credits 300

ဒုတိယကမ္ဘာစစ်အပြီး အချိန် ဆိုဗီယက်ပြည်ထောင်စုအင်အားကောင်းနေချိန် ဂျာမနီမှာ အုပ်ချုပ်မှုကိစ္စရှုပ်ထွေးနေချိန် အရှေ့ဂျာမနီ အနောက်ဂျာမနီခွဲခြားပြီး ဘာလင်တံတိုင်းကြီးဆောက်နေချိန် အမေရိကန်တို့ရဲ့ သြဇာကြီးမားနေတဲ့ဆိုဗီယက်အပေါ်စိုးရိမ်မှုကြီးထွားနေချိန် စစ်အေးကာလအရှိန်မြင့်တက်နေဆုံးအချိန် အမေရိကန်ပြည်သူတွေစိတ်ထဲ ဆိုဗီယက်ကအမေရိကန်ကိုအနုမြူဗုံးကျဲမယ်လို့ အထင်ရောက်နေတဲ့အချိန် သမရိုးကျစစ်မှ ဘက်ပေါင်းစုံစစ်ဆင်ရေးကိုအရှိန်အဟုန်မြှင့်နေတဲ့အချိန်ဒီလိုအမှားအယွင်းမခံနိုင်တဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံ၂ခုရဲ့ အင်အားချိန်ခွင်မျှနေတဲ့အချိန်မှာဆိုဗီယက်တို့ရဲ့ နျူးကလီးယားစွမ်းအင်တွေကိုထောက်လှမ်းဖို့အမေရိကန်တို့ရဲ့နောက်ဆုံးပေါ် ယူ၂ လေယဉ်တွေက ဆိုဗီယက်ပိုက်နက် ပေ ၇၀၀၀၀ အထက်က ထောက်လှမ်းဖို့စေလွှတ်ခဲ့တယ်ပေ ၇၀၀၀၀ ဆိုတဲ့အမြင့်ပေကအဲဒီ့ခေတ်အခါက လေယဉ်မှူးတွေတောင်မယုံလောက်အောင်ပျံနိုင်တဲ့အမြင့်ပေထူးခြားတာက ဒီစစ်ဆင်ရေးကိုဦးဆောင်တာက စီအိုင်အေဖြစ်ပြီးတော့ စစ်တပ်က သတင်းစစ်ဆင်ရေးအတွက်အချက်အလက်တွေစုဆောင်းပေးရတဲ့စစ်ဆင်ရေးမျိုး ဒီစစ်ဆင်ရေးမှာပါတဲ့ အမေရိကန်လေတပ်ဗိုလ်ပါဝါတယောက်လဲပါဝင်ခဲ့တယ် မိဘဆွေမျိုးချစ်သူမပြောနဲ့စစ်ဆင်ရေးခန်းကထွက်တာနဲ့ဒီသတင်းကို အကောင်အထည်ဖော်ဖို့ပဲအာရုံထားခိုင်းပြီး အထူးလျှို့ဝှက်ထားခဲ့တယ် ဒါတင်မကဘူူး ဒီစစ်ဆင်ရေးမှာပါတဲ့လူတွေက အဖမ်းခံခွင့်မရှိဘူး လေယဉ်ကိုဆိုဗီယက်တွေမိသွားခွင့်မရှိဘူး မိသွားခဲ့ရင်တောင်ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ထောင့်စေ့အောင်စီစဉ်ခဲ့တယ်ကံမကောင်းစွာနဲ့ပဲ ဗိုလ်ပါဝါရဲ့လေယဉ်ဟာပစ်ချခံရပြီးအဖမ်းခံခဲ့ရတယ်……..သတင်းစစ် စစ်အေးကာလဖြစ်တဲ့အလျောက် ဆိုဗီယက်တို့ကလဲ အမေရိကန်ထဲကိုသူလျှိုတွေကိုကေဂျီဘီအဖွဲ့အုပ်ချုပ်မှုအောက်ကနေပြီးတန်ပြန်စစ်ဆင်ရေးတွေ လုပ်ခဲ့တယ် ဒီနေရာမှာဗိုလ်မှူးကြီး ရူးဒေါ့ဖ်အေဗယ်လဲအပါအဝင်ပေါ့ရူးဒေါ့ဖ်အေဗယ်လဲ အမေရိကန်တန်ပြန်ထောက်လှမ်းရေးလက်ထဲကိုရောက်သွားတဲ့အခါ……ဗိုလ်ပါဝါလေယဉ်ပျက်ကျခဲ့တာကိုအမေရိကန်တို့အနေနဲ့ နာဆာက မိုးလေဝသတိုင်းတာတဲ့လေယဉ်ပျောက်ဆုံးသွားပြီဆိုပြီးသတင်းဖြန့်ခဲ့သလို ဆိုဗီယက်တို့ကလဲ ပါဝါ့ကိုအခမ်းအနားထုတ်ပြီးသူလျှိုဖမ်းမိကြောင်းကြေငြာခဲ့တယ်တဆက်ထဲမှာပဲ ဆိုဗီယက်သြဇာကြီးထွားနေတဲ့ အရှေ့ဂျာမနီကိုအမေရိကန်တို့ကအသိအမှတ်မပြုခဲ့သလို အမေရိကန်နိုင်ငံသားမည်သူမဆိုလက်ထဲလမ်းပြမြေပုံကိုင်မိရင်တောင် သူလျှိုလို့ဖမ်းဆီးခံနေရတဲ့အရှေ့ဂျာမနီမှာ အမေရိကန်ကျောင်းသားတယောက်ပရိုင်ရာဟာသူလျှိုမှုနဲ့ဖမ်းဆီးခံလိုက်ရတယ်…… ဒီလိုအခြေအနေရှုပ်ထွေးနေတဲ့အချိန်မှာ ပြစ်မှုအတွေ့အကြုံကောင်းရှိတဲ့အာမခံရှေ့နေတယောက်က အမေရိကန်တနိုင်ငံလုံး ကန့်ကွက်နေတဲ့ကြားက သူလျှိုအတွက်လျောက်လဲချက်တင်ဖို့တာဝန်ပေးခြင်းခံရတယ် သူ့မိသားစုဟာဒီလုပ်ရပ်အတွက် ချောင်းမြောင်းလုပ်ကြံခံရပေမယ့်အသက်အန္တရာယ်တစုံတခုမကျရောက်ခဲ့ဘူး ရဲတွေကအစဒီလုပ်ကြံမှုကိုမျှတတယ်လို့မပြောယုံတမယ် ကန့်ကွက်နေတဲ့ကြားက ခံယူချက်စေတနာအတွေးအခေါ်အပြည့်နဲ့အရည်အချင်းရှိတဲ့ရှေ့နေတယောက်ရှိခဲ့တယ် သူကတော့ ဂျင်မ်ဒိုဗန်နို.(တွမ်ဟန့်)ပဲဖြစ်ပါတယ်…….လူ့အခွင့်အရေးဆိုတဲ့စကားမတွင်ကျယ်လှသေးတဲ့ အဲဒီ့ခေတ်မှာသူ့လုပ်ရပ်တိုင်းဟာလူအမုန်းခံရစရာတွေချည်းပဲ ဒါတင်မကဘူး ပါဝါနဲ့အေဗယ်တို့သူလျှိုချင်းလဲလှယ်ဖို့ကိစ္စကိုလဲ ရဲရဲဝင့်ဝင့်တင်ပြခဲ့ပြီးဘယ်အစိုးရဘယ်အဖွဲ့အစည်းနောက်ခံထောက်ပံ့မှုမပါဘဲ သာမန်နိုင်ငံသားတယောက်ရှေ့နေတယောက်အနေနဲ့ သူလျှိုတွေခြေရှုပ်နေတဲ့ ဒီ နိုင်ငံ၃ခုကြားမှာ နိုင်ငံသိက္ခာမထိအောင် အားလုံးအကျိုးစီးပွါး အတွက် ဗိုလ်ပါဝါရယ် ကျောင်းသားပရိုင်ရာ၂ယောက်ကို ရူးဒေါ့ဖ်အေဗယ်နဲ့ရအောင်လဲခဲ့တဲ့သူ့ရဲ့ သံတမန်ရေး စွမ်းရည် အတွေးအမြင်တွေကလဲ အတုယူထိုက်ပါတယ် သူ့ခံယူချက်ကတော့ကိုယ်လုပ်တဲ့အလုပ်ကိုယ်သိတယ်ဆိုတာပဲဒီကိစ္စကြီးအပြီးမှာ အမေရိကန်တွေရဲ့ အရှေ့ဂျာမနီပေါ်သဘောထားဟာလဲပြောင်းလဲခဲ့ရတယ် ကွန်မြူနစ်သူလျှိုလဲကွန်မြူနစ်အလုပ်ကိုစွန့်လွှတ်သွားခဲ့တယ် တကမ္ဘာလုံးကိုလှုပ်ခတ်သွားတဲ့ အကျိုးတရားကိုဖန်တီးခဲ့တဲ့ရှေ့နေတယောက်အကြောင်းကိုလဲရင်တထိတ်ထိတ်နဲ့တွေ့ရမှာဖြစ်ပါတယ် နောက်ဆုံးသူလျှိုလဲတဲ့အခန်းမှာလဲ ကွန်မြူနစ်သူလျှိုနဲ့အမေရိကန်ရှေ့နေတယောက်ကြားသံယောဇဉ်ကိုဖော်ကျူးသွားခဲ့ပါတယ် IMD rating 7.7 ရရှိထားတဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်