6.9
4,194
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

3 GB

Credit

50

Mr. Six (2015)

Action, Crime, Drama

Credits 50

EXO-M အဖွဲ့ဝင် Kris Wu ,မင်းသား Li Yifeng နဲ့မင်းသားကြီး Feng Xiaogang တို့အဓိကပါဝင်ထားတဲ့ ဒီတရုတ်ဇာတ်ကားဟာ Crime/Drama အမျိုးအစားဖြစ်ပြီး IMDb Rating (7.1) ,Rotten Tomatoes (80%) ထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့..... တစ်ချိန်က အရှိန်အဝါရှိခဲ့ တဲ့၊ လူဆိုးလူတေတစ်ယောက်ဖြစ် ခဲ့တဲ့ လျူယဲ့ခေါ်လောင်ပေါင်အာ (မစ္စတာဆစ်)ဟာ အသက် (၅၀) အရွယ်လောက်ရောက်လာတဲ့ အခါမှာတော့ အထီးကျန်ဆန်စွာ နေခဲ့ရပါတယ်။ ဓားရေးကျွမ်းကျင် လှတဲ့၊ မာဖီးယားဂိုဏ်းသားတစ်ဦး ဖြစ်တဲ့ မစ္စတာ ဆစ်မှာရှောင်ဘို (ဘော်ဘီ)ဆိုတဲ့ သားတစ်ယောက် ရှိပေမယ့် သိပ်အစေးမကပ်လှပါ ဘူး။ တစ်ရက်မှာတော့ အစိုးရ အကြီးအကဲတစ်ယောက်ရဲ့ သား ပိုင်တဲ့ အဖိုးတန်ပြိုင်ကားကို ပျက် စီးစေမှုတစ်ခုနဲ့ ဘော်ဘီပြန်ပေး ဆွဲခံခဲ့ရပါတယ်။ ဘော်ဘီကို ဖမ်း သွားတဲ့လူဆိုးအဖွဲ့ခေါင်းဆောင် ရဲ့ မိသားစုဟာ နောက်ခံအခြေအ နေကောင်းတာကြောင့် ကိုမာဖြစ် လုလုနီးအခြေအနေဖြစ်အောင် နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ခဲ့ ပါတယ်။ မစ္စတာဆစ်ဟာ နှလုံးရောဂါ အခြေအနေဆိုးနေပေမယ့် သူ့ သားကို ကယ်ဖို့ကြိုးစားရာမှာ ထင်သလောက်မလွယ်ကူခဲ့တာ ကြောင့် သူနဲ့လက်တွဲလုပ်ခဲ့ဖူးတဲ့ လူဆိုးဂိုဏ်းဝင်တွေကို ပြန်ခေါ်ပြီး သူ့သားကို ပြန်ကယ်နိုင်ဖို့အတွက်ကြိုးပမ်းပါတော့တယ်။ ဇာတ်လမ်းကျောရိုးကိုက လူဆိုးဂိုဏ်းဝင်တွေအကြောင်းဖြစ် တာမို့ အမှန်အကန်အတိုက်အ ခိုက်၊ အက်ရှင်ဇာတ်ကွက်တွေ ကြည့်ရမှာမို့ ပရိသတ်တွေသဘောကျမယ် ထင်ပါတယ်။ လူဆိုးဂိုဏ်းသားဟောင်းကြီးတွေနဲ့ ယနေ့လူ ငယ်လူဆိုးအဖွဲ့တွေ ရင်ဆိုင်တွေ့ တဲ့အခါ ဘာတွေဆက်ဖြစ်ကြမှာ လဲ။ မစ္စတာဆစ်က သူ့သားရှောင်ဘိုကို ကယ်တင်နိုင်မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ အဓိကဇာတ်ဆောင် မစ္စတာဆစ်တဖြစ်လဲ ဖန်ရှောင်ဂန်က (၅၂) ကြိမ်မြောက် ရွှေမြင်းဆုချီးမြှင့်ပွဲ မှာ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုရရှိခဲ့တယ်လို့ ဆိုပါတယ်။မစ္စတာဆစ် အကောင်းဆုံးသရုပ်ဆောင်ဆုရ ခဲ့တာ ထိုက်တန်ရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ရင်း အကဲဖြတ် ကြည့်လိုက်ပါဦးနော်။