5.9
255,000
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Venom: Let There Be Carnage (2021)

Action, Sci-Fi, Thriller

Credits 200

Marvel fans တွေရဲ့အချစ်တော် Venom ကြီးကတော့ပရိသက်ရှေ့ကိုပြန်လည်ရောက်ရှိလာပါပြီနော်။ Trailer ထွက်ကတည်းကမျှော်ခဲ့ရတဲ့ Venom: Let There be Carnage ကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁ရက်နေ့မှာ Marvel Studio ကအမေရိကန်နိုင်ငံမှာထုတ်လွှင့်ပေးခဲ့ပါပြီ။ အက်ဒီဘရော့ခ်ရဲ့ခန္ဓာကိုယ်ထဲကို ဗီနွန်ဆိုတဲ့ကပ်ပါးဂြိုလ်သားတစ်ကောင်ရောက်လာကတည်းက ဘရော့ခ်ရဲ့ပုံမှန်ဘဝကြီးသောင်းကနင်းဖြစ်ခဲ့ရတဲ့အကြောင်းကို Venom ပရိသက်တွေသိကြမှာပါ။ တွေ့သမျှလူအကုန်စားချင်နေတဲ့ ဗီနွန်နဲ့ လူတွေနေထိုင်တဲ့လောကကြီးထဲမှာ လူတွေကိုမထိခိုက်စေချင်တဲ့ ဘရော့ခ်တို့နှစ်ဦးဟာ တော်တော်လေးရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတို့ထုံးစံအတိုင်းရန်ဖြစ်လိုက်ပြန်ချစ်လိုက်လုပ်ရာက တစ်ခါမှာရန်အဖြစ်လွန်သွားတာကြောင့် ဗီနွန်ကစိတ်ဆိုးပြီး အက်ဒီ့ခန္ဓာကိုယ်ထဲကနေထွက်သွားခဲ့ပါတယ်။ ဘရော့ခ်ကတော့ ဗီနွန်ကိုထာဝရအတွက် ဘိုင့်ဘိုင်ပြခဲ့ပေမယ့် ကံတရားကမျက်နှာသာမပေးခဲ့ပါဘူး။ ကွင်းဆက်လူသတ်သမားတစ်ဦးဖြစ်တဲ့ ကလီးတက်စ်ကာဆာဒီဆီမှာ အကြောင်းတစ်ခုကြောင့် ဗီနွန်ရဲ့မျိုးဆက် ကားနာ့ရှ်ဆိုတဲ့အန္တရာယ်ကြီးတဲ့ကပ်ပါးတစ်ကောင်ရောက်သွားချိန်မှာတော့ ထာဝရဘိုင့်ဘိုင့်ပြထားတဲ့ မတည့်အတူနေသူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေပြန်တည့်ပြီး ကမ္ဘာကြီးကိုကယ်တင်ဦးမှာလဲ??? End Game နဲ့အဆုံးသတ်သွားတယ်လို့ ကိုယ်တွေထင်ခဲ့တဲ့ Marvel က ၂၀၂၁ခုနှစ်မှာ ပရိသက်ကြီးဆီဆက်တိုက်ကိုပြန်လာနေတာဆိုတော့ ဘယ် Super Hero တွေကဘယ်လိုများထူးခြားဦးမှာလဲ??? ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။