ဒီဇာတ်ကားလေးက တခြားဇာတ်လမ်းတွေနဲ့ မတူကွဲပြားနေတဲ့ ဒရမ်မာ ဟာသ ကားလေးပဲ ဖြစ်ပါတယ်.....
အသက်ကြီးတဲ့ သူတွေကို ချောင်ထိုးတာ ၊
မိဘက သားသမီးကို ချစ်တဲ့စိတ်၊
သားသမီးက မိဘအပေါ်သဘောထား တွေကို သေချာလေးရိုက်ပြထားတဲ့ ကားလေးပါ ။
မိသားစုအတွင်းမှာ ရှိတတ်တဲ့ ချွေးမနဲ့ ယောက္ခမ မတည့်တာကနေ ဇာတ်လမ်းလေးစခဲ့တာပါ
အဖွားမာဆွန်းက ချွေးမနဲ့ မတည့်တာကနေ အိမ်ကနေ ထွက်သွားပြီး ဓာတ်ပုံဆိုင်မှာ ဓာတ်ပုံရိုက်ရာက အသက်၂၀အရွယ်ကို ပြန်ရောက်သွာဒခဲ့ပါတယ်…
အသက်၂၀အရွယ်မှာ ကြံတွေ့ရတဲ့ အခက်အခဲတွေကို ဟာသလေးနှောပြီး ရိုက်ပြထားပါတာမို့ ကြည့်ကောင်းတဲ့ကားလေးပါ …ကျန်တာကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်လိုက်ပါနော် …
အဓိက ဇာတ်ကတော့ မိဘကသားသမီးအပေါ်ချစ်တဲ့ စိတ်ကို သေချာလေး ရိုက်ပြထားတာမို့ ဒီကားလေးကို ကြည့်ပြီးသွားရင် စိတ်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ ယုံကြည်ပါတယ် …
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yue Liang ဖြစ်ပါတယ်