6.9
84,760
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

6.2 GB

Credit

500

The Last Castle (2001)

Action, Drama, Thriller

Credits 500

January 22 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Last Castle လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ ဒီရုပ်ရှင်ဟာ ရဲတိုက်တစ်ခုမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေက ထောင်ရဲ့ အုပ်ချုပ်မှုပုံစံကို မကြိုက်တာကြောင့် ထောင်ကို ပြန်လည်သိမ်းယူဖို့ တိုက်ခိုက်ကြတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အုပ်ချုပ်ရတဲ့ စစ်သားတွေကို တိုက်ခိုက်ရတဲ့ အကျဉ်းသားတွေကလဲ တစ်ချိန်က စစ်သားတွေပါပဲ။ အကြောင်းပေါင်းစုံနဲ့ ရောက်ရှိနေကြတဲ့ စစ်သားအကျဉ်းထောင်ထဲမှာ တပ်ကြပ်ကြီး တပ်သား အပါအဝင် ဗိုလ်ချုပ်အထိကို ပါဝင်နေပါတယ် ။ ဒီတော့ အကျဉ်းသား အချင်းချင်း ဘာ အဆင့်ရာထူး မှ အကျုံးမဝင်ဘူးဆိုတဲ့ စည်းမျဉ်းမှာ အကျဉ်းသားတွေကလဲ ဗိုလ်ချုပ်ကို ဗိုလ်ချုပ်လို ‌လေးစားကြပါသေးတယ် ။ တစ်ကိုယ်ကောင်းဆန်တဲ့ အုပ်ချုပ်မှု ပုံစံကို ပြောင်းလဲဖို့ အကျဉ်းသားတစ်စု အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ရဲတိုက်ကို ဘယ်လို သိမ်းယူ တိုက်ခိုက်သွားမလဲဆိုတာ ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် ။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။