ဒီတစ်ခေါက်မှာတော့ Holiday ဆိုတဲ့ နာမည်ကျော်မင်းသမီး ကိတ်ဝင်းစလက် ပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။
အချစ်ဇာတ်လမ်းဆိုပေမယ့် ချစ်ကြည်နူးနေတာကိုပဲ မြင်ရမှာတော့ မဟုတ်ဘူးဗျ။ ဘဝမှာ ချစ်တိုင်းလည်း မညားဆိုတာ ရှိတတ်တာပဲ မဟုတ်လား။ ဒီလိုပဲ ဇာတ်ကားထဲမှာ အိုင်းရစ်နဲ့ အမန်ဒါဆိုတဲ့ အမျိုးသမီးနှစ်ယောက်က ချစ်ရတဲ့သူတွေနဲ့ Relationship တွေ ပြတ်ဆဲပြီး ကိုယ်လက်ရှိနေနေတဲ့ နေရာကနေ ထွက်ပြေးချင်နေတဲ့ အမျိုးသမီးနှစ်ယောက်ပေါ့။ အဲ့အချိန်မှာ သူတို့က အိမ်ချင်းလဲတဲ့ ဝန်ဆောင်မှုမှာ တွေ့ကြပြီး လန်ဒန်နဲ့ LA ကို အပြန်အလှန် အလဲအလှယ်လုပ်ပြီး နေဖို့ သဘောတူခဲ့ကြတယ်။ အဲဒီမှာပဲ မတူညီတဲ့ နေရာအသစ်အဆန်း လူအသစ်အဆန်းတွေနဲ့တွေ့ပြီး ဒီအမျိုးသမီး နှစ်ယောက် ကိုယ့်ရဲ့ အချစ်ရေးကို ဘယ်လို ရင်ဆိုင်ကြမလဲ ကိုယ့်ရဲ့ ဒဏ်ရာတွေကို ဘယ်လိုကုစားကြမလဲ ဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။
လူတစ်ယောက်ကို မေ့ဖို့ကြိုးစားနေတဲ့ မိန်းကလေးတွေ အတွက် ကြည့်ရင်းနဲ့ တစ်ခုခု အဖြေရသွားနိုင်မယ့် ဇာတ်ကားတစ်ခုမို့ သေချာကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာ ညွှန်းလိုက်ရပါတယ်ခင်ဗျာ။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Arthur ဖြစ်ပါတယ်။