4.4
64
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

1.9 GB

Credit

100

Ladies Market (2021)

Drama

Credits 100

ငယ်စဥ်ကတည်းက မိဘတွေစွန့်ပစ်ခဲ့တာကြောင့် အမျိုးသမီးစျေးထဲက Shan Lao ဆိုသူက ​ကောက်ယူမွေးစားထားခဲ့ရတဲ့ မိဘမဲ့ကလေးငယ်လေး Tung ဟာ နေထိုင်ခွင့်တွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အ​ထောက်အထားတွေ မရှိတာမို့ ဟောင်ကောင်ရဲ့ဥပဒေတွေအရ ကျောင်းလည်းတက်မရ၊ ဘယ်မှလည်းသွားမရဘဲ အမျိုးသမီးစျေးထဲရယ်အိမ်ထဲမှာရယ်ပဲ ပုန်းအောင်းနေထိုင်ခဲ့ရပါတယ်။ တစ်နေ့မှာတော့ လူဆိုးဂိုဏ်းတစ်ခုက စိန်တွေနဲ့ လောင်းကစားသမားတစ်ယောက် ပြန်ပေးဆွဲလာတဲ့ကလေးတို့ Tung ရဲ့စောင့်ရှောက်သူ Shan Lao ရဲ့စတိုခန်းထဲကိုရောက်ရှိလာကြပါတယ်။ နဂိုကတည်းကအငြိမ်မနေတတ်လို့ ငပွေးလေး Tung လို့အမည်ရထား​တဲ့ Tung တစ်ယောက် နှစ်ခုလုံးကိုရှာတွေ့သွားတဲ့အခါ...။ပိုးစုန်းကြူးလေးတွေကိုချစ်တဲ့ Tung ရဲ့ မိသားစုဆန်ဆန် အိမ်ကလေးတစ်လုံးလိုချင်နေတဲ့ဆန္ဒလေးကရော အဆုံးထိပြည့်သွားပါ့မလား? ဒုစရိုက်သမားနှစ်ယောက်ရဲ့အဆုံးသတ်ကရောဘယ်လိုဖြစ်သွားမလဲဆိုတာကို ရသစုံကြည့်ရှူရမယ့် ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစကနေအဆုံးထိ ဇာတ်အိမ်ကောင်းကောင်းဖွဲ့တည်ထားတာမို့ အချိန်ပေးရတာနဲ့တန်တဲ့ ဒီကားလေးရဲ့အဆုံးသတ်မှာ ရသတစ်ခုခုတော့ကျန်ခဲ့ပါလိမ့်မယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Su ဖြစ်ပါတယ်။