7.0
7,646
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Veteran (2015)

Action, Comedy, Crime

Credits 200

ဆောဒိုချောဟာ ကိုရီးယားရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံထောက်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ စုံထောက်ဆောဒိုချောက နိုက်ကလပ်တစ်ခုမှာ လူတွေကို အမြဲတမ်း နိုင်ထက်စီးနင်းဆက်ဆံတတ်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ ဆက်ခံသူ ဂျိုထယ်အိုနဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်တွေ့ဆုံစဥ်မှာလည်း ဂျိုထယ်အိုဟာ စုံထောက်ဆောကို ရိုင်းရိုင်းစိုင်းစိုင်းပြုမူ ဆက်ဆံခဲ့ပါတယ်။ တစ်နေ့မှာတော့ စုံထောက်ဆောဒိုချောကို အမှုလိုက်ရာမှာကူညီပေးခဲ့တဲ့ ထရပ်ကားဒရိုင်ဘာဘယ်ဟာ လုပ်အားခမရတဲ့အတွက် ဆန္ဒပြနေရင်း သူ့ရဲ့ ၉ နှစ်အရွယ်သား​ဖြစ်သူရဲ့ရှေ့မှာ ဂျိုထယ်အိုရဲ့ရိုက်နှက် နှိပ်စက်တာကို ခံရတဲ့အတွက် သားဖြစ်သူဟာ စုံထောက်ဆောရဲ့ နာမည်ကဒ်ကိုတွေ့ပြီးဖခင်ဖြစ်သူ သေလုမြောပါးဆေးရုံရောက်နေတဲ့အကြောင်းပြောပြကာ စုံထောက်ဆောကို အကူအညီတောင်းခဲ့ပါတယ်။ ဖြောင့်မတ်ပြီး တရားမျှတမှုကို လိုလားတဲ့ စုံထောက်ဆောဟာ ငွေအားသုံးပြီးမကောင်းမှုတွေကျူးလွန်နေတဲ့ အမွေဆက်ခံသူ ဂျိုထယ်အိုကို ဘယ်လိုတွေပညာပေးသွားမလဲဆိုတာကို ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Fiona ဖြစ်ပါတယ်