6.8
42,581
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

3.1 GB

Credit

50

Who Am I? (1998)

Action, Adventure, Comedy

Credits 50

အထူးအေးဂျင့်တစ်ယောက်(မင်းသားကြီးဂျက်ကီချန်း)က သူ့ရဲ့မစ်ရှင်အပြီးမှာ ရဟတ်ယာဥ်ပျက်ကျမှုကြောင့် အာဖရိကက တောကြီးထဲကို ပြုတ်ကျသွားပြီး အတိတ်မေ့သွားပါတော့တယ်။ အဲဒီတောထဲမှာနေနေတဲ့ ဒေသခံတွေနဲ့တွေ့ပြီး အသက်ရှင်သွားပါတယ်။ ဒေသခံတွေနဲ့ အတူတူနေလာရင်း တစ်နေ့တော့ အဲဒီဒေသခံတွေက သူနဲ့ ဝတ်စုံတူဝတ်ထားတဲ့ အလောင်း၈လောင်းကို တွေ့လိုက်တယ်လို့ ပြောလာပါတယ်။ သူနဲ့ စစ်ဆင်ရေးအတူတူလုပ်ခဲ့တဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေပါပဲ။ ဂျက်ကီတို့အဖွဲ့ ပျောက်သွားတဲ့အချိန်မှာပဲ ဥက္ကာခဲကို သုတေသနလုပ်နေတဲ့ အရေးကြီးတဲ့ သိပ္ပံပညာရှင်သုံးယောက်လည်း ပြန်ပေးဆွဲခံလိုက်ရပါတယ်။ အဲဒီလို တိုက်ဆိုင်နေတာကြောင့် စီအိုင်အေက ဂျက်ကီတို့အဖွဲ့က ပြန်ပေးဆွဲသွားတယ်လို့ထင်ပြီး သူတို့ကို လိုက်ရှာရင်း ဂျက်ကီကလွဲပြီး ကျန်တဲ့အေးဂျင့်တွေ အကုန်သေသွားတာကို သိလိုက်ရပါတော့တယ်။ အဲဒါကြောင့် ဂျက်ကီ့ကို လိုက်ဖမ်းကြပါတော့တယ်။ ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာတောင် မမှတ်မိတဲ့ဂျက်ကီက စီအိုင်အေရဲ့လက်ကနေ ဘယ်လိုလွတ်အောင်ပြေးမလဲ၊ ဂျက်ကီ့ကို ကူညီမဲ့သူ ဘယ်သူတွေပေါ်လာမလဲ၊ သိပ္ပံပညာရှင်သုံးယောက် ပြန်ပေးဆွဲမှုရဲ့နောက်မှာရော ဘယ်သူရှိနေမလဲဆိုတာတွေကို ဒီကားလေးမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်