7.8
169,202
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2 GB

Credit

200

Letters from Iwo Jima (2006)

Action, Adventure, Drama

Credits 200

IMDb rating တွေတခြား rating မပြောခင် အိုင်ဝိုဂျီးမားကျွန်းမှပေးစာများ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျပန်စစ်သည်တွေရဲ့စစ်ရံှုးခါနီးခံစားချက် အိမ်လွမ်းတဲ့ခံစားချက်တွေကိုဖော်ညွှန်းထားတဲ့ ဂရုဏာ ရသကိုအဓိက ဦးစားပေးရိုက်ကူးထားတဲ့ဇာတ်လမ်းတခုပဲ ဖြစ်ပါတယ်။စစ်သည်လို့ဆိုတဲ့နေရာမှာ သူတို့ကိုဦးစီးတဲ့ဗိုလ်ချုပ်အပါအဝင်ပေါ့.... သူတို့ခံစစ်ဆင်မယ့် ကျွန်းပေါ်က ကလေးတယောက်ကစားနေတာကိုမြင်ပြီး အိမ်က ကလေးကိုသတိ ရသွားတဲ့ဗိုလ်ချုပ်...ဒီအချိန်လေးမှာပဲကိုယ်ချင်းစာစိတ်တခုပေါ်လာပြီး အပြစ်မဲ့ပြည်သူတွေကို တတ်နိုင် သလောက် ဘေးကင်းရာကိုရွှေ့ခိုင်းခဲ့တယ်ဗိုလ်ချုပ်ရဲ့ လုပ်ရပ်ဟာ ပင်ပန်းနေတဲ့သူ့စစ်သည်တွေကိုနားလည် သလို တဖက်ကိုလည်းကိုယ်ချင်းစာစိတ်တခုကိုပေါ်လွင်အောင်ပြသွားတဲ့မျက်နှာပေးတွေကလဲ ဂျပန်တွေရဲ့အနုပညာဖန်တီးမှုတခုပါ.... ခေါင်းဆောင်ကောင်းတယောက်က ကြာပွတ်ကိုမသုံးဘူး ဦးနှောက်ကိုသုံးတယ်ဆိုတဲ့ ဆုံးမစကားကလဲမှတ်သား စရာပါ.... အဆမတန်များပြားတဲ့ ရန်သူတွေလာမယ်ဆိုတာသိသိကြီးနဲ့ခံစစ်ပြင်ဆင်နေတဲ့ဂျပန်စစ်သားတွေ ရဲ့ အင်ပါယာစစ်သားဆိုတဲ့ဂုဏ်ကို တန်ဖိုးထားတတ်ပုံ အချင်းချင်းရိုင်းပင်းကုူညီပုံ မိသားစုဆီပြန်သွားရမယ်ဆိုတဲ့ အသိစိတ်တွေက ဒီကျွန်းက ရောဂါဘယတွေ ရေမကောင်းတာတွေ ရိက္ခာအပြည့်အဝမရတဲ့ ဒဏ်တွေကိုကျော်လွှားနိုင်စေပါတယ်။ သူတို့အားလုံးအိမ်ကိုပြန်လာနိုင်ကြရဲ့လား....? ရှင်တိုဝါဒဟာလဲ သူတို့နိုင်ငံအတွက်ဂုဏ်ယူစေတဲ့အချက် တခုဖြစ်တယ်ဆိုတာ ဇာတ်ကားရဲ့မဖော်ပြထားတဲ့အပိုင်းမှာလေ့လာခဲ့ရပါတယ်... ဒါကဇာတ်လမ်းထဲကပေးတဲ့ မက်ဆေ့တချို့ ဒီဇာတ်လမ်းနောက်မှာ ရှိတဲ့ ခိုင်မာတဲ့သမိုင်းကြောင်းတွေကတော့.....ပထမတခုက ဂျပန်တွေဟာ ဗုဒ္ဓဘာသာ ခရစ်ယာန် ဇင်ကျင့်စဉ်နဲ့ဝိဉာဉ်ကိုးကွယ်မှုတွေကိုယုံကြည်လေ့ရှိတယ် ရှင်တိုဝါဒ ဟာလဲ ဒုတိယကမ္ဘာစစ်တွင်းက ဂျပန်တပ်မတော်မှာ လေ့ကျင့်ပေးခဲ့တဲ့ကျင့်စဉ်တခုပဲဖြစ်ပါတယ်..ရဲဘော် သုံးကျိပ်ဝင်တွေ ဂျပန်ပြည်မှာစစ်ပညာလေ့လာစဉ်ကလဲ ရှင်တိုကျင့်စဉ်ကိုလေ့ကျင့်ပေးတယ်လို့ ၁၉၉၀ ဝန်း ကျင်ထုတ်ဂျာနယ်တခုမှာ လေ့လာခဲ့ဖူးပါတယ် ဘုရားသခင်ရဲ့ကျင့်စဉ်လို့အမည်ပေးထားတဲ့ဒီကျင့်စဉ်ကို နိုင်ငံတော်ဝါဒအဖြစ်ကျင့်သုံးခဲ့တဲ့ဝါဒလဲဖြစ်တယ် အရင်ဆုံးသွေးပူလုပ်ရတယ်၊စိတ်တည်ငြိမ်မှုလုပ်ရတယ် နောက်မှာတော့ သင်ပေးတဲ့ဆရာကလဲ တည်တည်ငြိမ်ငြိမ်နဲ့သန္နိဌာန်ချပြီး ဘုရင့်အတွက်အသက်စွန့်ပါမည်ဆိုတဲ့ စိတ်ဓါတ်မျိုးရိုက်သွင်းပေးရတယ်...။ရှင်တိုဝါဒဟာ စစ်ဝါဒကိုအသက်သွင်းတဲ့ဝါဒသပ်သပ်သာဖြစ်ပြီးဘာသာရေး နဲ့မသက်ဆိုင်တဲ့ဝါဒသပ်သပ်သာဖြစ်တယ်လို့ယူဆတဲ့အတွက် ဒုတိယကမ္ဘာစစ်အပြီးမှာမဟာမိတ်တပ်တွေရဲ့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးမက်အာသာက အမိန့်ထုတ်ပယ်ဖျက်ခဲ့တဲ့အတွက် ရှင်တိုဝါဒဟာလဲ တိုင်းပြည်ဝါ ဒအဖြစ်မှ ပျောက်ကွယ်ခဲ့ရပါတယ်.... နောက်တချက်ကတော့.... ဒီကျွန်းတိုက်ပွဲမှာခံစစ်ဆင်သွားတဲ့ပုံစံအကြောင်းပါ ၁၉၄၄ ခုနှစ်ဇွန်လတွင်းမှာဖြစ်ပွါးခဲ့တဲ့ နယူးဂီနီကျွန်းတိုက်ပွဲရဲ့ ဂျပန်တပ်မှူးဗိုလ်မှူးကြီး နာအိုယူကီ-ကူဇူမီက ကမ်းတက် တိုက်ပွဲစစ်နည်းအသစ်ကိုတီထွင်ခဲ့တယ်..။ယခင် ပုံစံတွေလို ကမ်းတက်လာမယ့်ရန်သူတွေကို ကမ်းခြေကနေ စီးကြိုတိုက်တဲ့ပုံစံက ခွဲပြီး ကမ်းခြေမှာခံစစ်မယူတော့ဘဲ တောတွင်းလျှိုမြောင်၊သဘာဝနဲ့လူလုပ်အတားအဆီးတွေပုံ စံပြင်ဆင်ပြီး အနီးကပ်တောတွင်းတိုက်ပွဲ၊ညတိုက်ပွဲ၊ခြုံခိုတိုက်ပွဲပုံစံတွေနဲ့စစ်ဆင်ခဲ့ပါတယ်။ ဒီလိုစစ်ဆင်ခြင်းအားဖြင့် ယခင် ကမ်းမှာစောင့်ပြီးခံစစ်ယူတဲ့အားနည်းချက်တွေကိုပြင်ဆင်နိုင်ခဲ့သလို ရန်သူကနေသတင်းအတိအကျထောက်လှမ်းလို့ မရခြင်း၊အနီးကပ်တိုက်ပွဲဝင်ရတဲ့အတွက်ရန်သူ့လက်နက်ကြီးပစ်ကူထိထိရောက်ရောက်မရခြင်း၊မိမိဘက်ကအကျအဆုံး အနည်းငယ်နဲ့ရန်သူ့အင်အားများများကိုဖြုန်းတီးပစ်နိုင်တဲ့အပြင် တော၊ရာသီဥတု၊ရောဂါ၊နယ်မြေကျွမ်းကျင်မှုနဲ့ပေါင်းစပ် ပြီး ရန်သူ့စိတ်ဓါတ်ကိုပါရိုက်ချိုးနိုင်ခဲ့ပါတယ်...။အရင်ပုံစံကမ်းခြေမှာစီးကြိုခံစစ်ဆင်ခြင်းအားနည်းချက်တွေဖြစ်တဲ့ -ရန်သူမှအတိအကျသတင်းမထောက်လှမ်းနိုင်ခြင်း -ရန်သူ့ပစ်အားကောင်းတဲ့ ရေတပ်လက်နက်ကြီးတွေကြိုတင်မွှေနှောက်ချေမှုန်းပစ်ခတ်မှုကြောင့်ခံစစ်ကျိုးပေါက်တပ်ပျက်ခြင်း -မိမိထက်လူလက်နက် နည်းပညာအင်အားသာသူကိုတန်ပြန်ချေမှုန်းနိုင်ခြင်း -မိမိအင်အားမလိုအပ်ဘဲကျဆုံးခြင်းစတဲ့ အားသာချက်တွေကိုရရှိခဲ့သလို တကယ်လဲထိရောက်ခဲ့ပါတယ်။ ဆိုင်ပန်ကျွန်းတိုက်ပွဲ(Windtalker ရုပ်ရှင်) အိုကီနာဝါကျွန်းတိုက်ပွဲ(ကျွန်တော့်လက်ရာပစိဖိတ်ဇာတ်ကား) အခုဇာတ်လမ်းမှာပါတဲ့အိုင်ဝိုဂျီမားကျွန်းတိုက်ပွဲတွေဟာဆိုရင်ဒီစစ်နည်းဗျူဟာကိုသုံးခဲ့တဲ့ထင်ရှားတဲ့တိုက်ပွဲတွေပဲဖြစ်ပါတယ် အလွမ်းအဆွေးသနားစရာ ဂရုဏာရသကိုပေးနိုင်တဲ့ဇာတ်လမ်းတခုဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားတခုလို့ညွှန်းပါရစေ..။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ May Chit ဖြစ်ပါတယ်