7.3
7,807
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.8 GB

Credit

100

The Beauty Inside (2015)

Drama, Fantasy, Romance

Credits 100

နေ့တိုင်းမတူညီတဲ့ လူတစ်ယောက်အဖြစ်နိုးထလာရင် ဘယ်လိုနေမလဲ။ တွေးကြည့်ရုံနဲ့တင် လန့်စရာကောင်းနေပါပြီ။ ကင်ဝူဂျင်းဆိုတဲ့ ကောင်လေးဟာ အသက် ၁၈နှစ်ပြည့်ထဲက မနက်အိပ်ရာထလာရင် အမြဲမတူတဲ့ တခြားတစ်ယောက်အဖြစ် ပုံစံပြောင်းသွားပါတယ်။ ယောကျာ်းပုံ မိန်းမပုံ အဘိုးကြီး အဘွားကြီး ကလေးလေး နိုင်ငံခြားသား အစုံပါပဲ။ သူလည်း ဘာလို့ ဒီလိုဖြစ်တာလဲမသိပါဘူး။ ဒီတိုင်းပဲ နေသားကျနေတာပါ။ သူ့လျှို့ဝှက်ချက်ကို သိတဲ့သူက သူ့‌အမေနဲ့ ငယ်သူငယ်ချင်းတစ်ယောက်ပဲ ရှိပါတယ်။ ဝူဂျင်းတို့ သူငယ်ချင်း၂ယောက်က ကိုယ်ပိုင်ဘရန်းနဲ့ ပရိဘောဂတွေလုပ်တာပါ။ဒီလိုနဲ့ ချစ်မိလို့မရဘူးလို့တွေးထားတဲ့ဝူဂျင်းက ချစ်ရမယ့်သူတွေ့လာတဲ့အခါ.... သူချစ်မိတဲ့တစ်ယောက်က ပရိဘောဂအရောင်းဆိုင်က လီဆူပါတဲ့။ ဝူဂျင်းက လီဆူနဲ့တွေ့ဖို့ ဘယ်လောက်ပဲ ကြိုးစားပြီးမအိပ်ဘဲနေပေမယ့်လည်း ရက်ကြာလာတဲ့အခါ မခံနိုင်တော့တဲ့အတွက် အလွဲလေးတွေဖြစ်လာပါတယ်။ နောက်တော့ လီဆူကို အဖြစ်မှန်ဖွင့်ပြောပြလိုက်တဲ့အခါ..... လီဆူက ဝူဂျင်းအဖြစ်ကိုနားလည်ပေးပြီးရှေ့ဆက်မလား သူတို့၂ယောက်ဘယ်လို အခက်အခဲတွေကြုံရဉီးမလဲ၊ နောက်ဆုံးမှာ အချစ်ကအရာအားလုံးကို ဖြေရှင်းပေးမလားဆိုတာကတော့.... ကိုရီးယားသရုပ်ဆောင်တွေ အများကြီးပါတာမို့ ကြည့်ရတာ အပန်းပြေမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်