7.8
865,561
...

Video Quality

Blu-Ray 4K SDR

Audio Quality

DTS HDMA 7.1

File Size

11.2 GB

Credit

0

The Hobbit: An Unexpected Journey (2012)

Adventure, Fantasy

Credits 0

တစ်ချိန်တုန်းက လူကြိုက်များခဲ့တဲ့ Hobbit ရဲ့ ပထမဆုံးဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထီးကျန်တောင်ကြီးမှာရှိတဲ့ အဲရစ်ဘော်ဆိုတဲ့တိုင်းပြည်ကို လူပုဘုရင်ကြီးသရောကအုပ်စိုးနေပါတယ်။ သူတို့ရဲ့မြို့အောက်မှာ အဖိုးထိုက်တန်လှတဲ့ ရွှေသတ္တုကျောကြီးတွေနဲ့ ကျောက်သံပတ္တမြားတွေကြောင့် အကြွယ်ဝဆုံးတိုင်းပြည်တစ်ခု ဖြစ်နေခဲ့ပြီး တခြားမျိုးနွယ်စုတွေရဲ့ခေါင်းဆောင်တွေက နှစ်စဉ်နှစ်တိုင်း လက်ဆောင် ပဏ္ဍာတွေဆက်သရနေရတဲ့ တိုင်းပြည်ကြီးတစ်ခုပေါ့။ ဒါပေမဲ့ အဲဒီကြွယ်ဝမှုကပဲ အဲရစ်ဘော်မြို့လေးကို အဆုံးသတ်စေခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ဘုရင်ကြီးသရောဟာ ရွှေတွေအပေါ်အရမ်းစွဲလမ်းတက်မက်နေခဲ့ပြီး စိတ်လွှတ်သွားကာ ရတနာပစ္စည်းတွေကြောင့် တခြားမျိုးနွယ်စုတွေနဲ့ မိတ်ပျက်သွားခဲ့ပါတယ်။ တစ်နေ့မှာတော့ စမာ့ဂ်နဂါးကြီးဟာ အဲရစ်ဘော်မြို့ကိုတိုက်ခိုက်ခဲ့ပြီး ကြွယ်ဝမှုတွေအားလုံးကို အပိုင်စီးသွားပါတော့တယ်။ လူပုတွေဟာ နဂါးကြီးကို မတွန်းလှန်နိုင်တဲ့အတွက် မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ရသလို မိတ်ဖက်မျိုးနွယ်စုတွေဆီကလည်း ဘာအကူအညီမှ မရခဲ့ပါဘူး။ ဒီလိုနဲ့ နှစ်ပေါင်း၆၀ကြာပြီးနောက်မှာ ဘုရင်ကြီးသရောရဲ့သားတော် သောရင်အော်ကန်ရှီးဟာ အဲရစ်ဘော်မြို့ကို ဟော့ဘစ်တစ်ယောက်ရဲ့အကူအညီနဲ့ ပြန်လည်သိမ်းပိုက်ဖို့ စွန့်စားခရီးတစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်