တရုတ်ပြည် ချင်မင်းဆက်မှာ လီလီဟာ ဆင်းရဲသားမိသားစုကနေ မွေးဖွားလာခဲ့သူဖြစ်လို့ ယောက်ျားကောင်းရဖို့ ခြေထောက်သေးသေးဖြစ်နေအောင် ငယ်ငယ်ရွယ်ရွယ်မှာပဲ အရိုးချိုးအချုပ်ခံခဲ့ရတယ်(Foot Binding လို့ေခါ်ပါတယ်)။ နှင်းပန်းဆိုတဲ့ကလေးမလေးဟာ ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာခဲ့ပြီး လီလီနဲ့ မွေးနှစ်မွေးလမွေးရက်တွေ ထပ်တူကျနေလို့ ထိုခေတ်တုန်းက လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်တဲ့ မိန်းကလေးတွေကြားက laotong ဆိုတဲ့တစ်သက်တာ ညီအစ်မဖွဲ့လိုက်ကြပြီး အချင်းချင်းဆက်သွယ်ဖို့ Nu Shu ဆိုတဲ့ဘာသာရပ်တစ်ခုကိုပါ သင်ယူခဲ့ရပြီး ယပ်တောင်လေးေတွပေါ်ရေးကာ တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ်လုပ်ကြတယ်။ အချိန်တန်အရွယ်ရောက်လာတဲ့အခါ ခြေသေးမလေးလီလီဟာ သူကြွယ်မိသားစုကသားနဲ့အိမ်ထောင်ကျခဲ့ပေမယ့် ခြေထောက်မသေးတဲ့ နှင်းပန်းဘ၀ဟာဆိုရင်တော့ ဇောက်ထိုးမိုးေမျှာ်ဖြစ်လာခဲ့တယ်။
အမေရိကန်စာရေးဆရာမကြီး Lisa See ရဲ့နာမည်ကြီး၀တ္တုတစ်ပုဒ်ဖြစ်ပြီး ဖြစ်ရပ်မှန်ကို စိတ်ကူးယဉ်ဆန်ဆန်ပုံဖော်ထားတယ်လို့သိရပါတယ်။ သရုပ်ေဆာင်တွေကလည်း Jang Ji Hyun , Angelababay တို့အပြင် Logan ကြီး Hugh Jackman ကပါ ပါ၀င်အားဖြည့်ပေးထားပါတယ်။ သမိုင်းနောက်ခံနဲ့ Bittersweet Ending ကြိုက်နှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်