7.3
407,258
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.5 GB

Credit

100

Dumb and Dumber (1994)

Comedy

Credits 100

သိကြတဲ့အတိုင်း အနောက်တိုင်းဟာသကားတွေထဲမှာ တော်တော်ရယ်ရတဲ့ကားဆိုတာသိပ်ကို ရှားတယ်ဗျ တော်တော်များများကပေါ့ပေါ့ပါးပါးဟာသ တွေပဲများတာလေဒါပေမယ့် ဒီကားလေးကျတော့ တော်တော်ရယ်ရတယ်ဗျအနောက်တိုင်းဟာသတွေက မရယ်ရပါဘူးကွာ ထမင်းစားရင်းကြည့်မယ်တော့ မလုပ်နဲ့ဗျို့ သီးလိမ့်မယ်ဗျအခန်းတိုင်းလိုလိုရယ်နေရတာမျိုး ဟာသတွေကိုဖောဖောသီသီကြီးတွေ့ရတယ်ဗျ မင်းသားကလဲ ကျွန်တော့်လို Comedy ကြိုက်တဲ့သူတိုင်းရဲ့ Idol ကြီး Jim carrey ဖြစ်ပြီး1994 ထွက်ဖြစ်ပေမယ့် ဟာသတွေကခေတ်ဆန်နေတာကိုတွေ့ရမယ်ဗျ IMDB အနေနဲ့လဲ 7.3 ခရမ်းချဉ်သီးအနေနဲ့လဲ 67% ဆိုတော့Comedy တွေထဲမယ် ဒီလောက်ရတာမျိုးက တော်တော်ကြီးကို ကောင်းကောင်းကြီးဆိုတာပြောစရာမလိုလောက်ပါဘူးနော် ဇာတ်လမ်းအကျဉ်း တလွဲညဏ်ကောင်း လော်ရဒ်တစ်ယောက် သူလေယာဉ်ကွင်းလိုက်ပို့ရမယ့် ဧည့်သည်မယ်ရီ လေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်ဖြစ်ချင်တာ့ မယ်ရီက အကြောင်းတစ်ခုကြောင့်သူမ လက်ဆွဲအိတ်ကို လေယာဉ်ကွင်းမှာထားခဲ့ရမှာ ဖြစ်တယ်ဒါပေမယ့် လော်ရဒ်ခဗျာ အိတ်ကျန်ခဲ့တယ်အမှတ်နဲ့ မယ်ရီကို လိုက်ပေးလို့ မမှီတော့ သူပဲသိမ်းထားလိုက်မိတယ်အဲ့ဒီ အိတ်အနောက်ကို လူဆိုးတွေကလဲ လိုက်နေကြတယ်ဒီလိုနဲ့ လော်ရဒ်နဲ့ သူ့သူငယ်ချင်း ဟယ်ရီတို့ ပြသနာတွေ များစွာကိုမခံနိုင်တော့တဲ့အဆုံးတရွာမပြောင်း သူကောင်းမဖြစ်ဆိူတဲ့စကားအတိုင်း တခြားမြို့မှာ အခြေချဖို့ မယ်ရီ နေတဲ့ မြို့လေးဆီ အိတ်ကိုပြန်ပေးဖို့ ထွက်လာခဲ့ကြတယ်