6.4
886
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

The Battle: Roar to Victory (2019)

Action, Drama, History

Credits 200

ဒီကားလေးကတော့ ၁၉၂၀ခုနှစ် ကိုရီးယားနိုင်ငံကို ဂျပန်တွေသိမ်းပိုက်အပြီး နိုင်ငံအတွင်းမှာ ထကြွလာတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဂျပန်တွေရဲ့ တိုက်ပွဲကို ရိုက်ပြထားတဲ့ စစ်ကားလေးဖြစ်ပါတယ်။ ကိုရီးယားလွတ်လပ်ရေးတပ်မတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဟွမ်ဟယ်ချောဟာ သူ့ရဲ့ လက်အောက်ငယ်သားတွေနဲ့အတူ ရှန်ဟိုင်းကို လွတ်လပ်ရေးရန်ပုံငွေတွေ ပို့ပေးဖို့ တာဝန်ပေးခံရပါတယ်။ အဲဒီစစ်ဆင်ရေးမှာ သူတို့တွေက ဂျန်ဟာလို့ခေါ်တဲ့ ဗိုလ်ငယ်ငယ်လေးတစ်ယောက်နဲ့ ပြန်ဆုံမိပါတယ်။ ဂျန်ဟာ့မှာလည်း သူ့တာဝန်နဲ့သူရှိနေပါတယ်။ အဲဒီတာဝန်ကတော့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းဖို့ ဂျပန်ဘက်က အသစ်ဖွဲ့စည်းလိုက်တဲ့ ဂျပန်လက်ရွေးစင်တပ်တွေကို ဘုံအိုဒုံဆိုတဲ့နေရာကို မျှားခေါ်သွားပြီး အချိန်ဆွဲထားပေးဖို့ပါပဲ။ အဲဒီလိုနဲ့ နှစ်ဖွဲ့ဘက်ကသူတွေ တွေ့ကြတဲ့အခါ အချင်းချင်း ကူညီပေးကြပါတော့တယ်။ လက်နက်အင်အား လူအင်အား အဘက်ဘက်က အင်အားနည်းနေပေမယ့် တော်လှန်ရေးတပ်သားတွေရဲ့ နာကျည်းစိတ်၊ အမိမြေကို လွတ်လပ်စေလိုတဲ့စိတ်တွေနဲ့ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး တိုက်ခိုက်ကြမလဲဆိုတာကို ဒီကားလေးမှာ ကြည့်ရှုပေးနိုင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်