7.6
615,053
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4.2 GB

Credit

500

Zombieland (2009)

Action, Comedy, Horror

Credits 500

Zombieland ဆိုတာကတော့ အကောင်းဆုံး Zombie ဇာတ်တွေထဲမှာ ပါဝင်တဲ့ Zombie ဇာတ်လမ်း တစ်ခုပဲ ဖြစ်ပါတယ် ကိုလမ်ဘတ်(စ်) လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်ဟာ သူအသက်ရှင်နေထိုင်နိုင်ဖို့အတွက် သူကိုယ်တိုင်ထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာပြီး Zombie တွေသာ ကျန်ရှိတော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါတယ် အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေတစ်ဆင့် လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ် ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ်ယောက် သူ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ် တစ်နေ့မှာတော့ သူ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီး အိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ် ဒီလိုနဲ့ ခရီးဆက်ရင်း သူတို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာ လိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ ညီအမနှစ်ဦးနဲ့တွေ့ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ် နောက်ပိုင်းမှာတော့ သူတို့၄ ယောက်ပေါင်းမိသွားကြပြီး လိုရာခရီးကို ဆက်သွားခဲ့ကြတယ် နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ သူတို့၄ယောက် ဖုတ်ကောင်တွေ မဝင်ရောက်သေးဘူးလို့သူတို့ထင်နေခဲ့ကြတဲ့ ပစိဖိတ် ပေးလန်း(ဒ်) ကစားကွင်းကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ် ဒါပေမဲ့ သူတို့ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာတွေကို ရိုက်ကူးပုံဖော်ထားတဲ့ Zombie ဇာတ်ကားကောင်းတစ်ခု ဖြစ်တာကြောင့် ပရိသတ်များ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်