6.5
746,021
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

8.3 GB

Credit

500

Batman v Superman: Dawn of Justice (2016)

Action, Adventure, Sci-Fi

Credits 500

Superman ရဲ့ တိုက်ပွဲတွေ အပြီးမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တချို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီအချက်ကို အခြေခံပြီး ပြည်သူတွေကြား Superman ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ တစ်နေ့တခြား များပြားလာခဲ့တာပါ။ မိမိဝန်ထမ်းတွေရဲ့ အသက်တွေ ဘဝ တွေဟာ Supermanရဲ့ တိုက်ပွဲ အကြားမှာ အပြစ်မဲ့စွာ ဆုံးရှုံးခဲ့ရတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတဲ့ Batman တစ်ဖြစ်လဲ Bruce Wayne တစ်ယောက်လဲ Superman ကို နာကျည်းသွားပြီး ဆန့်ကျင်သူတွေထဲက တစ်ယောက် ဖြစ်လာပါတော့တယ်။ ဒီကြားထဲ DCရဲ့ နာမည်ကျော် ဗီလိန်တစ်ဦးဖြစ်တဲ့ Lex Luthor ရဲ့ ယာလည်းညက်စေ ကြက်လဲ ပန်းစေ ဆိုတဲ့ ရည်ရွယ်ချက်ချက်နဲ့ ဂန္တဝင် hero နှစ်ယောက်ရဲ့ ဘယ်လိုတွေ ရန်တိုက်ပေးဦးမှာလဲဆိုတာလဲ တွေ့ရဦးမှာပါ။ Batman Vs Superman တို့ နှစ်ယောက်ရဲ့ တိုက်ပွဲမှာ ဘယ်သူ အနိူင်ရသွားမှာလဲ၊ ပြန်ပြေလည်မှူ ရရှိသွားမှာလား ဒါမှ မဟုတ် Lex Luthorမှာရော နောက်ထပ် ဘာ အကြံအစည်တွေ ရှိနေဦးမှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲ ကြားထဲကို ဝင်လာသူက နောက်ထပ် စွမ်းအားလွန်လူသား တစ်ဦးဖြစ်ပြီး DCရဲ့ အထင်ကရ အမျိုးသမီး super hero ဖြစ်တဲ့ Wonder Woman ပါပဲ။ ဇာတ်ကားထဲက တိုက်ခိုက်ခန်းတွေဟာ တော့ တကယ် ကြည့်လို့ကောင်းပြီး ကြမ်းတမ်းပါတယ်။ Batman မင်းသားသစ် Ben Afleckကို ကြိုက်သူ မကြိုက်သူ ကွဲပြားနေသေးပေမယ့် သူ့ role ကို အကောင်းဆုံး လုပ်ပြသွားနိုင်တာတော့ ငြင်းဖွယ်ရှိပါဘူး။ နောက်ထပ် Justice League မှာ ပါလာမယ့်အခြား heroတွေကိုလဲ ကြိုတင် နမူနာ ပြခဲ့ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ထားတာတွေ့ရပါတယ်။