7.3
254,388
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1 Channel Audio

File Size

3.5 GB

Credit

200

Southpaw (2015)

Action, Drama, Sport

Credits 200

Southpaw ဇာတ်ကားဟာ 2015 ခု နှစ်ထဲမှာပဲ ထွက်ရှိထားပြီး Antoine Fuqua က ရိုက်ကူးတင်ဆက် ထားကာ IMDb Rating မှာ 7.7 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..သင်တို့အနေနဲ့အပျင်းပြေပဲဖြစ်ဖြစ်..လက်ဝှေ့ဝါသနာပါလို့ပဲဖြစ်ဖြစ်ဒီဇာတ်ကားဟာ ကြည့်ရမယ့်စာရင်းထဲမှာထည့်ထားဖို့ အကြံပေးလိုက်ပါတယ်..Review လေး ခံစားကြည့်ရအောင်လက်ဝှေ့ကျော် ဘီလီဟုပ် ဟာ ဇနီးမော်ရင်း၊ သမီးလေး လေလာတို့နဲ့အတူ နယူးယောက် မြို့တော်ကြီးမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ နေထိုင်ခဲ့ပါတယ်။ ကမ္ဘာ့အ ဆင့်လက်ဝှေ့ပွဲတစ်ခုမှာ မျက်စိ ဒဏ်ရာရခဲ့ပေမယ့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘီလီဟာ နာမည် အကြီးဆုံး၊ အအောင်မြင်ဆုံးအ ချိန် ရောက်နေပေမယ့်လည်း သူ့ ကို ထိခိုက်ဒဏ်ရာတွေ ထပ်မရ စေချင်တဲ့ မော်ရင်းရဲ့ ဆန္ဒအရ လက်ဝှေ့လောကကနေ အနား ယူခဲ့ပါတယ်။ ဒီအကြောင်း အသိ ပေးမိတ်ဆက်ပွဲ လုပ်ပြီးချိန်မှာ လက်ဝှေ့သမား အသစ်မီးဂဲလ်ဆို သူက ဘီလီကိုထိကပါး ရိကပါး စကားပြောခဲ့ပြီး ရုတ်ရုတ်သဲသဲ ဖြစ်တဲ့အချိန်မှာ မီးဂဲလ်ရဲ့ အစ်ကို ဟက်တာပစ်တဲ့ သေနတ်မှန်ပြီး မော်ရင်းသေဆုံးခဲ့ရပါတယ်။ဘီလီတစ်ယောက် စိတ်ညစ် ညစ်နဲ့ အရက်တွေသောက်၊ ဆေး တွေသုံးဖြစ်ခဲ့ပြီး ဟက်တာကို လက်စားချေနိုင်ဖို့အတွက်လည်း စုံစမ်းနေခဲ့ပါတယ်။ လက်ဝှေ့ပွဲ တစ်ခုမှာ ရှုံးပြီးဒိုင်လူကြီးကို လက်သီးနဲ့ထိုးမှုနဲ့ ပြဿနာဖြစ်ပြီး တဲ့နောက် ဘီလီအိမ်ရော ပိုင်ဆိုင်သမျှအားလုံးပါ အကြွေးနဲ့ အသိမ်းခံလိုက်ရပါတော့တယ်။တစ်ရက်မှာလည်း မူးယစ် သောက်စားပြီးကားမောင်းရာကနေ သေမလို အခြေအနေကြုံတွေ့ရာကနေ သူ့သမီးလေး လေလာကို အုပ်ထိန်းခွင့်ပါ ဆုံးရှုံးခဲ့ပါတယ်။ လေလာဟာ ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ စောင့်ရှောက်မှုအောက် မှာ နေနေရပြီး အဲဒီအဖြစ်ကြောင့် ဘီလီဟာ အရက်မသောက်တော့ ဘဲ ကိုယ့်ကိုယ်ကိုယ် ပြုပြင်လာခဲ့ပေမယ့် လေလာကတော့ သူ့အဖေကို လုံးဝခွင့်မလွှတ်ခဲ့ပါဘူး။အဲဒီနောက် သူ့မိတ်ဆွေတွေ ရဲ့ မေတ္တာရပ်ခံချက်အရ ဘီလီဟာ အားကစားရုံတစ်ခုမှာ အလုပ်ရခဲ့ပြီး အားကစားရုံပိုင်ရှင် တစ်ခ်ဟာဘီလီရဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။ ဘီလီရဲ့ မန်နေဂျာဂျော်ဒန်က ဘီလီနဲ့ မီးဂဲလ်ကြိုး ဝိုင်းထဲမှာ လက်ရည်ပြိုင်နိုင်ဖို့ ပွဲစီစဉ်ခဲ့ပါတယ်။ လေလာက သူ့အဖေကို ခွင့်မလွှတ်ပေမယ့် လက်ဝှေ့ပွဲကိုတော့ သူ့အုပ်ထိန်း သူအန်ဂျလာနဲ့အတူ လာကြည့်ခဲ့ပါတယ်။ မီးဂဲလ်နဲ့ ကြိုးဝိုင်းမှာ တွေ့တဲ့ ဘီလီတစ်ယောက် မော်ရင်းအတွက် သွေးကြွေးဆပ်နိုင်မှာလား။ လေလာရဲ့ ခွင့်လွှတ်မှုကိုကော ပြန်ရမှာလားဆိုတာ ဇာတ်လမ်းအရသာပျက်မှာစိုးလို့ မဖော်ပြတော့ပါဘူး။ ဘီလီဟုပ်အဖြစ် ဂျိတ်ခ်ဂျ လန်ဟားလ်၊ တစ်ခ်အဖြစ် ဖောရက်စ်ဝစ်တိတ်ကာ၊ မော်ရင်းအဖြစ် ရေချယ်မက်အဒမ်နဲ့ လေလာအဖြစ် အိုနာလောရင့်တို့က သရုပ်ဆောင်ထားကြတာပါ။ ကြည့်ရှုခံစားကြည့်လိုက်ပါဦး( အညွှန်းကို 7daydaily မှ ပြန်လည်ကူးယူဖေါ်ပြပါသည် )