5.9
57,014
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

Sanctum (2011)

Action, Adventure, Drama

Credits 200

နာမည်ကျော်ဒါရိုက်တာ James Cameron ရဲ့လက်ရာတစ်ခုပါ။ ကမ္ဘာပေါ်မှာ စူးစမ်းလေ့လာသူတွေ အမျိုးမျိုးရှိတဲ့ထဲကမှ မြေအောက်က ဂူကြီးတွေကို လေ့လာကြတဲ့ ရေငုပ်သမားတွေအကြောင်းကို ဇာတ်လမ်းဆင်ထားတာပါ။ သူတို့တွေက အသက်ကိုလောင်းကြေးထပ်ပြီး နေရာအသစ်တွေ လူတွေတစ်ခါမှ မရောက်ဖူးတဲ့ ဂူတွေကို စွန့်စားလေ့လာကြပါတယ်။ ကားလ်နဲ့ဗစ်တိုးရီးယားတို့ သူဌေးစုံတွဲဟာ လူတွေတစ်ခါမှ မရောက်ကြသေးတဲ့ ဂူကြီးတစ်ခုဆီကို စွန့်စားခန်းထွက်ဖို့ အဖွဲ့သားတွေနဲ့ စတင်လှုပ်ရှားခဲ့ပါတယ်။ ဂူရဲ့အောက်အခြေစိုက်စခန်းမှာတော့ ကျွမ်ူကျင်တဲ့ ဖရန့်နဲ့သူ့လူတစ်စုရောက်နှင့်နေကြပြီး အောက်ခြေကိုဆင်းဖို့ ဆက်လုပ်နေကြတာပါ။ ဖရန့်ရဲ့သား ဂျော့ရှ်လည်း ဒီခရီးမှာအတူပါလာပါတယ်။ သူတို့သားအဖက သိပ်တော့အစေးမကပ်လှပါဘူး ဖရန့်ရဲ့အလုပ်ကို ဂျော့ရှ်က သဘောမကျလို့ပါ။ သူတို့အဖွဲ့သားတွေ ဟိုးအောက်ခြေထိဆင်းငုပ်တဲ့အခါမှတော့ အန္တရာယ်မျိုးစုံ စိန်ခေါ်မှုမျိုးစုံနဲ့ ကြုံရပါတော့တယ်။ ကံဆိုးစွာနဲ့ မုန်တိုင်းကလည်း သူတို့‌အပေါ်တည့်တည့်ရောက်လာပြီး ဂူထဲမှာရေလျှံလာတဲ့အခါ ဖရန့်တို့ အဖွဲ့သားတွေ မြေပေါ် အသက်ရှင်လျက် ပြန်ရောက်ပါ့မလား ဘယ်လိုအသက်ဘေးနဲ့ ကြုံရဉီးမလဲ သူတို့သားအဖရော နောက်ဆုံးမှာ နားလည်မှုရသွားလား ဆိုတာတွေကို ဆက်လက်အားပေးကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်