6.3
155,627
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

5.5 GB

Credit

500

Scream (2022)

Horror, Mystery, Thriller

Credits 500

လွန်ခဲ့တဲ့၂၅နှစ်က Woodsboroမြို့လေးမှာရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်horrorရုပ်ရှင်ထဲကအတိုင်း အဲမြို့လေးမှာနောက်ထပ်မျက်နှာဖုံးလူသတ်သမား ပြန်ပေါ်လာပါတယ်။ အဲဒီလူသတ်သမားဟာ အရင်မူရင်းဇာတ်လမ်းနဲ့ဆက်စပ်နေတဲ့သူတွေကို ရက်ရက်စက်စက်ဓားနဲ့ထိုးသတ်ပါတယ်။ သူ့ရဲ့ပထမဆုံးပစ်မှတ်ကတော့ Taraလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေလွတ်သွားခဲ့ပါတယ်။ သူ့အကြောင်းကိုကြားပြီး အဝေးမှာရှိနေတဲ့ သူ့အစ်မဖြစ်သူ Sam ရောက်ရှိလာတဲ့အခါ သူတို့ညီအစ်မနှစ်ယောက်လုံး မျက်နှာဖုံးလူသတ်သမားရဲ့ ဒုတိယအကြိမ်တိုက်ခိုက်ခြင်းကို ခံရပါတော့တယ်။ သူတို့တိုက်ခိုက်ခံရတဲ့အကြောင်းအရင်းနဲ့ ဘယ်သူကလူသတ်သမားဆိုတာကိုရှာဖို့ ကြိုးစားကြတဲ့အခါ Taraရဲ့သူငယ်ချင်းအဖွဲ့တစ်ဖွဲ့နဲ့ Samနဲ့အတူလိုက်လာတဲ့ သူ့ကောင်လေး Richie သူတို့အားလုံးဟာ လူသတ်သမားအဖြစ်သံသယရှိသူတွေဖြစ်လာကြပါတယ်။ သူတို့အချင်းချင်း ယုံမှားသံသယတွေနဲ့ တစ်ယောက်ကိုတစ်ယောက်စွပ်စဲဲကြရင်း လူသတ်သမားကလည်း သူတို့တစ်ယောက်ချင်းစီကို လိုက်သတ်နေတဲ့အခါ .... Sam နဲ့Tara ညီအစ်မနှစ်ယောက် ကြုံတွေ့ရမဲ့ ရက်စက်တဲ့သတ်ဖြတ်မှုတွေနဲ့အတူ လူသတ်သမားကိုနှိမ်နင်းနိုင်ဖို့ ကြိုးစားကြပုံတွေကို သည်းထိတ်ရင်ဖိုစွာနဲ့ကြည့်ရှုရမဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ သွေးထွက်သံယိုခန်းများနဲ့ စိတ်ချောက်ချားဖွယ်ဇာတ်ဝင်ခန်းများ အများအပြားပါဝင်ကြောင်း ကြိုတင်အသိပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။