7.5
452,917
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

5.2 GB

Credit

500

28 Days Later (2002)

Drama, Horror, Sci-Fi

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ 28 Days Later လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် မင်းသားချော Cillian Murphy နဲ့ လူမည်းမင်းသမီး Naomie Harris တို့ရဲ့စိတ်ကူးယဉ်သိပ္ပံစွန့်စားခန်းရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ အင်္ဂလန်နိုင်ငံတစ်နေရာမှာ လျှို့ဝှက်စမ်းသပ်နေတဲ့ ဓာတ်ခွဲခန်းတစ်ခုက ကူးစက်ရောဂါပိုးရှိနေတဲ့ ချင်ပန်ဇီမျောက်တွေကို လွှတ်ပေးလိုက်မိရာကနေ တစ်နိုင်ငံလုံးကို အလျင်အမြန် ကူးစက်ပျံ့နှံ့သွားပြီး ကပ်ဆိုးကြီးတစ်ခုအဖြစ်ကို ရောက်ရှိသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ကျန်နေခဲ့ကြသူတွေဖြစ်တဲ့ ဂျင်မ်နဲ့ ဆယ်လီနာတို့က ဖရန့်ခ်တို့သားအဖနဲ့ ပူးပေါင်းမိသွားကြပြီး ကယ်ဆယ်ရေးအဖွဲ့ရှိတဲ့ဆီကို အတူသွားဖြစ်ကြရာကနေ ဘယ်လိုတွေ ကြုံဆုံကြရမှာလဲ၊ နောက်ဆုံးမှာ လွတ်မြောက်ရာကို ရောက်နိုင်ကြပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုကြရမှာပါ။ IMDb rating 7.5 နဲ့ Rotten Tomatoes 87%တောင်ရထားတာမို့ Sci-fi, thriller ကြိုက်ကြတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါကြောင်း ညွှန်းလိုက်ပါရစေ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Snowflake ဖြစ်ပါတယ်