Call me by your name ကားလေးကတော့ IMDb 8.5 ရထားတဲ့BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကို၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ U.S မှာရုံတင်ထားတဲ့ကားလေးပါ
၁၉၈၃ ခုနှစ်အချိန် အီတလီမြောက်ပိုင်းမှာ ရှေးဟောင်းယဉ်ကျေးမှုသုတေသနပါမောက္ခ ပါမန်ဟာ သူ့တပည့် အမေရိကန်နိုင်ငံသား အိုလီဗာကိုအိမ်ကိုလာရောက်ပြီးရှေးဟောင်းရုပ်ထုများအကြောင်းလေ့လာစာအုပ်ပြုစုရန် ဖိတ်ခေါ်လိုက်ပါတယ်ပါမောက္ခပါမန်မှာ”အေလီယို”လို့ခေါ်တဲ့သားတစ်ယောက်ရှိပါတယ်အေလီယို ဟာ အိုလီဗာကိုသူ့အခန်းပေးလိုက်ရပြီးသူကတော့ဘေးကအခန်းကိုပြောင်းပေးခဲ့ရပါတယ်အေလီယိုဟာ နွေရာသီမှာစာအုပ်ဖတ်ခြင်း၊သီချင်းရေးခြင်းတို့နဲ့အချိန်ကုန်တတ်ပါတယ်အေလီယိုနဲ့ အိုလီဗာဟာ နောက်ပိုင်းမှာတော့ရေအတူတူကူးတယ်၊မြို့ထဲစက်ဘီးစီးတယ်၊သူ့အဖေကိုအဖော်ပြုပြီးရှေးဟောင်းရုပ်ထုတွေကိုလေ့လာပါတယ်အေလီယို ဟာသူ့ကောင်မလေး မာစီယာနဲ့ အတူတူနေနေပေမယ့်လဲသူဟာ အိုလီဗာရဲ့ဆွဲဆောင်ခြင်းကိုခံနေရတယ်လို့ သူ့ကိုသူသိလာခဲ့ပါတယ်တစ်နေ့မှာတော့ အေလီယိုကပဲ သူ့ခံစားချက်တွေကို အိုလီဗာကို ဖွင့်ပြောခဲ့ပါတယ်အိုလီဗာဟာလဲ အေလီယိုကအစကတည်းကသဘောကျနေခဲ့တာပါဒီလိုနဲ့သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်တိတ်တိတ်ပုန်းချစ်တင်းနှောခဲ့ကြပါတယ်အေလီယိုကလဲ သူ့ကောင်မလေး မာစီယာကိုရှောင်နေလိုက်ပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ထာဝရလက်တွဲသွားနိုင်ပါ့မလား…မိဘတွေရဲ့သဘောထားတွေရဲ့သဘောထားတွေ၊သဘာဝကိုဖီဆန်တယ်ဆိုတဲ့လူတွေရဲ့အတွေးတွေကိုကျော်ဖြတ်နိုင်ပါ့မလားဆိုတာ……