7.7
11,062
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.3 GB

Credit

100

Always (2011)

Action, Drama, Romance

Credits 100

ဂျန်းချောမင်ဆိုတာ တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ လက်ဝှေ့သမားတစ်ယောက်ပေါ့ ၊ လက်ရှိအချိန်မှာတော့ လက်ဝှေ့လောကကနေ ထွက်ပြီး သာမန်လူတစ်ယောက်လို နေနေတာပေါ့ ၊ အဲဒီလို ပုံမှန်လေး နေထိုင်နေရင်း ဂျောင်အာဆိုတဲ့ မတော်တဆမှုတစ်ခုကြောင့် မျက်မမြင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးနဲ့ ဆုံဖို့ အကြောင်းဖန်လာပါတော့တယ် ၊ ကောင်မလေးက သူ့ကို ကားပါကင်စောင့် အဘိုးကြီးနဲ့ လူမှားရင်း ဆုံဖြစ်ရာကနေ ရင်းနှီးလာကြတာပေါ့ ၊ ကောင်မလေးရဲ့ အခက်အခဲမှန်သမျှ ချောမင်က ဖြေရှင်းပေးပြီး အရမ်းကို ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်လာပါတော့တယ် တကယ်တော့ ချောမင်ရဲ့ အတိတ်က မကောင်းခဲ့ပါဘူး ၊လက်ဝှေ့လောကကနေ ထွက်ပြီး နောက်ပိုင်းအကြွေးရှင်တွေအတွက် ငွေချေးသူတွေကို ရိုက်နှက်ပြီး ပိုက်ဆံလိုက်တောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာပါ ၊ အခုချိန်မှာတော့ သူ့ကောင်မလေးကို မကြောင့်မကြ ထားနိုင်ဖို့ရာသာမန်လက်ဝှေ့သမားတစ်ယောက်အနေနဲ့ လက်ဝှေ့လောက ကို ပြန်၀င်လာတာပေါ့ ၊ လူ့ဘ၀ရဲ့ ထုံးစံအတိုင်း အခက်အခဲက ကြုံရစမြဲပါ ၊ ဂျောင်ဟာရဲ့ မျက်လုံးခွဲစိတ်ဖို့ ငွေလိုလာခဲ့ပါတယ် ၊ အဲဒါနဲ့ ချောမင်တစ်ယောက် တရားမ၀င် အလုပ်လုပ်ပြီး ငွေရှာရတာပေါ့ ၊ သူလုပ်တဲ့အလုပ်ဟာ သူ့အသက်ပါ ဆုံးရှုံးနိုင်ပေမယ့် တစ်ချက်မတွန့်ဘဲ ကောင်မလေးအတွက်ဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်တိုးခဲ့ပါတော့တယ် ၊ ဒီလိုနဲ့ ချောမင်တစ်ယောက် ဘေးကင်းပါ့မလား ၊ ဂျောင်ဟာရော မျက်စိခွဲစိတ်မှု အောင်မြင်နိုင်မလား ၊ ဘာတွေ ဆက်ဖြစ်ကြမလဲ ၊ မြှုပ်ကွက်တွေအများကြီးလည်း ပါတာမို့ ဆက်ပြောရင် မကောင်းတာကြောင့် ဆက်ကြည့်လိုက်ပါတော့နော် အညွှန်း နဲ့ ဘာသာပြန် Scarlett Hsu ဖြစ်ပါတယ်