7.0
11,216
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

Project A 2 (1987)

Action, Comedy, Crime

Credits 200

ဒီကားကတော့ ၁၉၈၃ခုနှစ်ထွက် Project Aရဲ့ နောက်ဆက်တွဲကားလေးဖြစ်ပြီး အက်ရှင်ဟာသကားလေးပဲဖြစ်ပါတယ် ဒီကားမှာတော့ အကျင့်ပျက်နေတဲ့ ရဲဌာနက ရဲမှူးချွန်းဆိုတဲ့သူကို ဖြုတ်ချချင်လို့ လူကြီးတွေက သူထိန်းချုပ်နေတဲ့ ဒေသသုံးခုထဲက ဆိုင်းဝမ်ဒေသကို မာယွီလုံကို ပေးလိုက်ပါတယ်။ တာဝန်ရှိသူအသစ်အနေနဲ့ ဆိုင်းဝမ်ဒေသကိုရောက်သွားတဲ့ မာယွီလုံဟာ သူ့လက်အောက်က ဟိုချီကင်းဆိုတဲ့သူကလွဲပြီး တစ်ဌာနလုံးနီးပါးက အဲဒီဒေသရဲ့ လူဆိုးခေါင်းဆောင် တိုက်ဂါးအောင်းဆိုတဲ့သူဆီက လာဘ်တွေစားထားပြီး သူလုပ်ချင်တာကို ပေးလုပ်နေတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။ သိသိချင်းမှာပဲ မာယွီလုံဟာ တိုက်ဂါးအောင်းကို ဖမ်းဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့ဌာနထဲက ဘယ်သူမှ မပါချင်ကြဘူး။ အဲဒါကြောင့် ရေတပ်က သူ့ရဲ့သူငယ်ချင်းတွေနဲ့ပဲ အမှုကို လိုက်ဖြစ်အောင်လိုက်ပါတော့တယ် အဲဒီလိုနဲ့ အရင်က ဒုစရိုက်မှုတွေကို ကြိုက်သလိုလုပ်နိုင်ခဲ့ပေမဲ့ မာယွီလုံလက်ထက်မှာ ပိုကြပ်တည်းလာတာကြောင့် သူ့ကို လူမုန်းများလာပါတော့တယ်။ အဲဒီထဲမှာ မာယွီလုံကြောင့် ရာထူးကနေ ဖယ်ပေးလိုက်ရတဲ့ ရဲမှူးချွန်းလည်း အပါအဝင်ပါပဲ။ ဒီကြားထဲ Project A 1မှာပါတဲ့ ပင်လယ်ဓားပြတွေကလည်း မာယွီလုံကို လက်စားချေချင်လို့ ဟောင်ကောင်ကို ရောက်လာပါတော့တယ်။ အန္တရာယ်တွေ ရန်သူတွေဝိုင်းနေတဲ့ မာယွီလုံက ဘယ်လိုတွေဖြစ်သွားမလဲ၊ ရဲမှူးချွန်းကရော သူ့ကို ဘယ်လိုတွေ ဒုက္ခပေးသွားဦးမလဲဆိုတာကို ဒီကားလေးမှာ ဆက်လက်ရှုစားပေးကြပါ ဒီဇာတ်ကားအတွက်အညွှန်းနဲ့ ဘာသာပြန်သူကတော့ Maria ဖြစ်ပါတယ်။