4.8
5,459
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Radioflash (2019)

Drama, Sci-Fi, Thriller

Credits 200

Radioflash ဆိုတဲ့ ဖြစ်စဉ်ကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ သူက နျူကလိယဗုံးကို ဖောက်ခွဲတဲ့အခါ radio receiver ကနေထုတ်တဲ့ လျှပ်စစ်သံလိုက်ခုန်နှုန်းကို ခေါ်တာပါတဲ့။ ဒီကာစထဲမှာတော့ ဒါ ဘာအတွက်ဖြစ်တယ် ဘာကြောင့်လဲဆိုတာ မပါပါဘူး။ ရိစ့်စ်တို့ သားအဖနေတဲ့ မြို့မှာ ဒီလိုဖြစ်စဉ်ပေါ်ပေါက်လာပြီး တစ်မြို့လုံး မီးအမှောင်ကျသွားပါတယ်။ မြို့သားတွေ ဘာဖြစ်မှန်းမသိကြပေမယ့် ရိ့စ်စ်က အဘိုးရဲ့စာအုပ်တွေ ဖတ်ပြီး ဒါ radioflash ဆိုတာသိသွားပါတယ်။ Power outage ကြောင့် ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ တစ်ခုမှ မရတော့တဲ့အခါ ရိစ့်စ်က အဘိုးဖြစ်သူကို ရေဒီယိုလှိုင်းနဲ့ ဆက်သွယ်ကြည့်ပါတယ်။ အဘိုးက ဒီဖြစ်စဉ်ကို သိထားပြီး ပြတ်တောက်နေတဲ့အချိန်အတွင်း ဒုက္ခရောက်တော့မှာသိတဲ့အတွက် ရိစ့်စ်တို့သားအဖကို သူနေတဲ့နေရာဆီ ချက်ချင်းလာခိုင်းပါတော့တယ်။ တစ်မြို့လုံး panic buying တွေဖြစ်လာပြီး ဆိုင်တွေလည်း ပိတ်ကုန်တဲ့အခါ ရိစ့်စ်တို့လည်း မြို့ကနေ အမြန် ထွက်ခွာလာကြပါတယ်။ အမြန်လမ်းမှာလည်း ကားတွေဆိုင်ကယ်တွေပြည့်နေပြီး အန္တရာယ်များလာတဲ့အတွက် သူတို့သားအဖက ဖြတ်လမ်းကနေသွားဖို့ရွေးလိုက်ပါတယ်။ သူတို့သားအဖ လမ်းမှာ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရဉီးမလဲ အဘိုးဆီကိုရော ချောချောမွေ့မွေ့ရောက်နိုင်ပါ့မလား တခြားဘယ်လိုအရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ စိတ်၀င်တစားကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်