Drug War က ၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ အက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Johnnie To မှ ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားမှာတော့ Sun Honglei က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ရဲမှူးကျန်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုနဲ့ ရဲမှူးဆီမှာအဖမ်းခံလိုက်ရတဲ့ တရားခံအဖြစ် Choi Timmy ချွိုင်တင်မီ (ခ) နာမည်ကြီး သရုပ်ဆောင် Louis Koo က ပါဝင်သရုပ်ဆောင်ထားပါတယ်။
တစ်နေ့ တင်မီက သူ့ကားကို ထိန်းချုပ်နိုင်မှု မရှိတော့ဘဲ ဒေသခံ စားသောက်ဆိုင်ကို ဝင်တိုက်မိပြီး လမ်းပေါ်မှာ အမျိုးသားတစ်ဦး သတိလစ်သွားပါတယ်။ သူဆေးရုံရောက်သွားတဲ့အချိန်မှာ အမှုတစ်ခု လိုက်နေတဲ့ ရဲမှူးကျန်းနဲ့ ဆုံပြီး ခေါင်းဆောင်ကျန်းက တင်မီကို မူးယစ်ဆေးသုံးထားကြောင်း သိရှိသွားခဲ့ပါတော့တယ်။ သူမသေချင်ပါဘူး ရဲတွေနဲ့ပူးပေါင်းပါ့မယ်ဆိုပြီး တင်မီဟာ ရဲတပ်ဖွဲ့ကို မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု လမ်းကြောင်းတစ်ခုလုံးကို ရပ်တန့်ဖို့ ကူညီပေးပေမယ့် ရဲတွေက တကယ့်စစ်ဆင်ရေးကြီး လုပ်တဲ့အခါမှာတော့ တင်မီက ပါဝင်ပတ်သက်သူတိုင်းကို ထိတ်လန့်စေမယ့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတော့တယ်။ အဲဒီဆုံးဖြတ်ချက်က ဘာလဲဆိုတာကို ဒီရုပ်ရှင်ကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အက်ရှင်ခန်းတွေပါဝင်ပြီး ဇာတ်လမ်းက အနောက်ပိုင်းရောက်လေ ဇာတ်ရှန်မြင့်လေဖြစ်တဲ့အတွက် ရုပ်ရှင်ကြိုက် ပရိတ်သတ်ကြီး ကြည့်ဖို့ အကြံပြုချင်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်