7.0
56,789
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.6 GB

Credit

500

Colonia (2015)

Biography, Drama, History

Credits 500

ချီလီနိုင်ငံမှာ စစ်ဗိုလ်ချုပ်ပီနိုချက် အာဏာသိမ်းတုန်းက ဖြစ်ရပ်မှန်တွေအပေါ်အခြေခံထားပြီး စစ်အာဏာရှင်စနစ်ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့သူတွေကို အောက်မေ့တဲ့အမှတ်တရအဖြစ် ဒီကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မင်းသမီးက အမ်မာဝတ်ဆန်ဆိုတော့ ပရိသတ်တွေအကြိုက်ဖြစ်မှာပါ။ အတိုချုံးပြောရရင် ဒယ်နီရယ်နဲ့လီနာတို့က ချစ်သူတွေဖြစ်ပြီး ဒယ်နီရယ်က နိုင်ငံရေး မတည်ငြိမ်တဲ့ ချီလီမှာ သမ္မတအယ်လန်ဒယ်ဘက်က ထောက်ခံပြီး ဆန္ဒပြဖို့ ရောက်နေပါတယ်။ လီနာက လေယာဉ်မယ်ဖြစ်ပြီး ချီလီရောက်တုန်း ဒယ်နီရယ်နဲ့လာတွေ့ပါတယ်။ အဲ့မှာပဲ ပီနိုချက်က စစ်အာဏာသိမ်းလိုက်ပြီး ဖမ်းဆီးတဲ့အတွက် လီနာတို့ထွက်ပြေးရပါတယ်။ ဒယ်နီရယ်ကိုက အယ်လန်ဒယ်ကိုထောက်ခံသူအဖြစ် ဖမ်းသွားတဲ့အတွက် လီနာက လိုက်ကယ်ဖို့ လမ်းရှာပါတယ်။ သူ သတင်းရသလောက် အကျဉ်းသားတွေကို ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ကိုလိုနီရာ ဒီနီဒက်ဆိုတဲ့နေရာကို ခေါ်သွားကြပါတယ်။ အဲ့မှာ ပိုင်းရပ်စ်ဆိုတဲ့လူက ဘုရားသခင်အလုပ်ဘာညာနဲ့ သိမ်းသွင်းပြီး သူ့စည်းမျဉ်းတွေနဲ့ အုပ်ချုပ်ပါတယ်။ အဲ့ကို ဝင်တဲ့သူတိုင်းလည်း ပြန်ထွက်ခွင့်မရပါဘူး။ ချစ်သူကို ကယ်ဖို့အတွက်နဲ့ လီနာက ကိုလိုနီရာကို စွန့်စားသွားပါတော့တယ်။ အဲ့မှာ ပင်ပင်ပန်းပန်းလုပ်ကိုင်ရပြီး ရက်စက်ကြမ်းကြုတ်တဲ့ အလိမ်အညာတွေ နည်းလမ်းတွေ ယုံကြည်မှုအမှားတွေကိုပါ သိလာရပါတယ်။ ဒယ်နီရယ်နဲ့ပါ ပြန်တွေ့ရပြီး ကိုလိုနီရာရဲ့ လျှို့ဝှက်‌ နေရာတွေကိုပါ အကုန်သိသွားလို့ ချစ်သူနှစ်ဦး ထွက်ပြေးဖို့ ကြိုးစားရင်း လက်မတင်လေး ငရဲခန်းကနေ လွတ်မြောက်သွားတာကို ရင်တမမနဲ့ အဆုံးထိ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်လမ်းကောင်းလို့ ညွှန်းချင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်