4.6
1,168
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.4 GB

Credit

200

Ip Man: Kung Fu Master (2019)

Action

Credits 200

Ip Man KungFu Master ဇာတ်ကားမှာတော့Foshanမြို့ရဲ့ ကုန်သွယ်လုပ်ငန်းကိုဆောင်ရွက်နေတဲ့ ပုဆိန်ဂိုဏ်းခေါင်းဆောင်က ဂျပန်တွေရဲ့ ဘိန်းကုန်သွယ်မှုကို လက်မခံခဲ့တာကြောင့် ထောင်ထဲမှာလုပ်ကြံခဲ့ရတယ်။ အဲ့ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို ထောင်ထဲထည့်ခဲ့တဲ့သူက Foshanမြို့ရဲ့ရဲအရာရှိ Ip Manဖြစ်တာမို့ ပုဆိန်ဂိုဏ်းအဖွဲ့ခေါင်းဆောင်ရဲ့ သမီးဟာ သူ့အဖေကိုသတ်သူကို Ip Manဟုထင်ကာ အဖေ့အတွက်လက်စားချေဖို့ ပြင်ဆင်ခဲ့ပါတယ်။ဇနီးသည်နဲ့ မွေးကင်းစကလေးရဲ့ လုံခြုံမှုအတွက်ကြောင့် Ip Manတစ်ယောက် ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို သူမသတ်ခဲ့ကြောင်း သက်သေပြဖို့ ကြိုးစားနေရင်း ဂျပန်ကုန်သည်အဖွဲ့ရဲ့ ဘိန်းခိုးသွင်းတဲ့ပြသာနာကိုပါစုံစမ်းရပါတော့တယ်။ဒါပေမဲ့ ဂျပန်ကုန်သည်အဖွဲ့ခေါင်းဆောင် Sasakiက တရုတ်ရဲဌာနကိုပါ ချုပ်ကိုင်ထားခဲ့တာမို့ ထင်သလောက်မလွယ်ကူခဲ့ပါဘူး။Ip Manတစ်ယောက် Foshanမြို့ကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ ဂျပန်တွေကို ရှင်းပြီးတော့ သူ့ရဲ့မိသားစုကိုကာကွယ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုပါအုံး။ အက်ရှင်ကားကောင်းကောင်းကြိုက်သူတွေအဖို့ အကြိုက်တွေ့စေမယ့်ကားတစ်ကားပါပဲ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်