ကိုရီးယား လူနေမှု ရဲ့ ချမ်းသာသူနဲ့ ဆင်းရဲသူတွေရဲ့ ဘ၀ ကွာခြားမှုကို မြင်သာအောင် မီးမောင်းထိုးပြထားပြီး စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ Director “Bong Joon-Ho” ရဲ့ ပထမဆုံး International Cannes Awards ဆုရရှိထားတဲ့ “Parasite”
ဒီကားလေးထဲမှာတော့ Ki Taek ရဲ့မိသားစုလေးဟာ အလွန်ဆင်းရဲလွန်းလို့ မြေအောက်ခန်းထဲမှာနေပြီး ခက်ခဲစွာ အသက်မွေးဝမ်းကြောင်းပြုနေရရှာတယ်။ တစ်နေ့မှာတော့ သူတို့မိသားစုဟာချမ်းသာတဲ့ မိသားစုဆီမှာ အလုပ်ဝင်လုပ်ဖို့ အကြောင်းဖန်လာရင်း ချမ်းသာတဲ့မိသားစုရဲ့ ခမ်းနားကြီးကျယ်လွန်းတဲ့ အိမ်မှာ Taek တစ်မိသားစုလုံး အလုပ်ဝင်ရောက်လုပ်ကိုင်ဖို့ ကြံစည် ကြိုးစားကြပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူခံစားနိုင်မှာပါ။