7.4
658,373
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 7.1

File Size

5 GB

Credit

500

Frozen (2013)

Animation, Adventure, Comedy

Credits 500

Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။ ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ အဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle နိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။ နန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့အချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ လျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါတယ်။ သူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ Hans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့် ညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး ဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။ သူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး သူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး ရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ဝံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။ နန်းတော်ကို ရောက်သွားတဲ့အခါမှာ Elsa ဟာ Anna ကို လက်ခံတွေ့ဆုံပေမယ့် နန်းတော်ကို ပြန်လိုက်ခဲ့ဖို့ ငြင်းဆန်ပါတယ်။ ပြောမရတဲ့အဆုံး Elsa ဟာ Anna ရဲ့ ရင်ဘတ်ကို သူ့ရဲ့ စွမ်းအားနဲ့ ရိုက်ပစ်လိုက်ပါတယ်။ နှင်းလူကြီးတစ်ယောက်ကိုလည်း ဖန်တီးပြီး သူတို့ကို ရေခဲနန်းတော်ကနေ မောင်းထုတ်လိုက်ပါတယ်။ နှင်းလူကြီးလက်က လွတ်မြောက်သွားတဲ့ အချိန်မှာ Kristoff ဟာ Anna ရဲ့ ဆံပင်တွေ တဖြည်းဖြည်း ဖြူလာတာကို သတိထားမိသွားပါတယ်။ ဒါကြောင့် သူငယ်စဉ်တုန်းက သွားပြီး ကုခဲ့ဖူးတဲ့ Grand Pabbie ဆီ ရောက်အောင် ပြန်သွားတဲ့အခါမှာ Grand Pabbie က Anna အသက်ရှင်ဖို့အတွက် အချစ်စစ်လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။ Kristoff ဟာ Anna ရဲ့ ချစ်သူ Hans ကသာ Anna ကို နမ်းခဲ့မယ်ဆိုရင် Anna အသက်ရှင်မယ်လို့ ထင်တာကြောင့် သူ့ကို နန်းတော်ဆီ ပြန်ခေါ်လာခဲ့ပါတယ်။ Anna အချိန်မီရောက်နိုင်ပါ့မလား … Hans ရဲ့ အချစ်တွေကရော Anna ကို ကယ်တင်နိုင်ပါ့မလား … Arendelle ကိုရော ထာဝရဆောင်းရာသီ မဖြစ်အောင် ကာကွယ်နိုင်ပါ့မလားဆိုတာ … Walt Disney ရဲ့ နောက်ထပ်လက်ရာသစ် Frozen ဟာ Pixar Animation ရဲ့ ဖန်တီးမှုမဟုတ်ပဲ Disney ရဲ့ ကိုယ်ပိုင်ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။ ဒါရိုက်တာ Chris Buck နဲ့ Jennifer Lee တို့ ပူးတွဲဖန်တီးထားပြီး Anna အဖြစ် Kristen Bell ၊ Elsa အဖြစ် Idina Menzel ၊ Kristoff အဖြစ် Jonathan Groff နဲ့ နှင်းရုပ်ကြီး Olaf အဖြစ် Josh Gad တို့က အသံနဲ့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ၁၈၄၅ ခုနှစ်က စာရေးဆရာ Hans Christian Andersen ရေးသားခဲ့တဲ့ The Snow Queen ဝတ္ထုကို ကျောရိုးအဖြစ် ရယူထားပြီး Disney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊ လှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ IMDB Rating 8.0 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 84% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။