7.1
128,538
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.7 GB

Credit

200

Flags of Our Fathers (2006)

Action, Adventure, Drama

Credits 200

၂၀၀၆ခုနှစ် အောက်တိုဘာ ၁၀ရက်နေ့ကထွက်ရှိခဲ့တဲ့ “Flag of Our Fathers” ဆိုတဲ့ရုပ်ရှင်ဟောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကျော်အမေရိကန် ဒါရိုက်တာ Clint Eastwood ရဲ့အကောင်းဆုံးလက်ရာတွေထဲကတစ်ခုဖြစ်တာမို့ အတော်များများလည်း တစ်ချိန်ကကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ Old but Gold လို့ပြောရလောက်တဲ့ War & Action အမျိုးအစားရုပ်ရှင်ဇာတ်ကားလေးမို့ မကြည့်ရသေးတဲ့သူများရှိရင်လည်း အခုပဲသွားကြည့်လိုက်ကြဖို့တိုက်တွန်းချင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ အီယိုဂျီမာကျွန်းကို အမေရိကန်စစ်တပ်ကဝင်ရောက်ကျူးကျော်ချိန် ၁၉၄၅ ဖေဖော်ဝါရီနဲ့ မတ်အတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတစ်ခုအတွင်းက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာနဲ့ချီပြီး ဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်မှာပါဝင်တိုက်ခိုက်တဲ့နိုင်ငံတွေဟာ သဘာဝအရ ကြာလာလေ စစ်ပန်းလာလေဖြစ်ပြီး စစ်ပွဲအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းဝယ်ယူမှုတွေအတွက်လည်း တိုင်းပြည်ဘဏ္ဍာငွေတွေထိခိုက်လာခဲ့ပါတယ်။ ဒီအထဲမှာ ဒုတိယကမ္ဘာစစ်ပွဲအတွင်းအဓိကတိုက်ခိုက်နေတဲ့ အမေရိကန်နိုင်ငံလည်းပါဝင်ခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲနိုင်ဖို့အတွက် နောက်ဆုံးအားကိုးရာကတော့ ပြည်သူတွေပါပဲ။ ပြည်သူထောက်ပံ့တဲ့ငွေကြေးအင်အားနဲ့ စစ်ပွဲကိုရှေ့ဆက်ဖို့ လိုအပ်တာကတော့ တိုက်ပွဲနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ ဒီလိုနဲ့ကြာရှည်နေတဲ့တိုက်ပွဲအတွင်း မျှော်လင့်ချက်ကိုအာသာငမ်းငမ်းလိုချင်နေကြတဲ့ ပြည်သူတွေအတွက် အီယိုဂျီမာတိုက်ပွဲအတွင်းက ဓာတ်ပုံတစ်ပုံထွက်လာခဲ့ပါတယ်။ စစ်သားခုနစ်ယောက် အီယိုဂျီမာကျွန်းရဲ့ထိပ်ဆုံးတောင်ထိပ်မှာ အမေရိကန်အလံလွှင့်နေခဲ့တဲ့ ပုံရိပ်ဟာရိုးရှင်းလွန်းလှပေမယ့် ပြည်သူတွေအတွက်ကတော့ ကြီးမားတဲ့မျှော်လင့်ချက်ကြီးဖြစ်ခဲ့သလို တိုက်ပွဲလည်းသေချာပေါက်နိုင်တော့မယ်ဆိုတဲ့ အာမခံချက်တစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ကျောသာမြင်ရတဲ့ဓာတ်ပုံအတွင်းက စစ်သားတွေဟာလည်း သူရဲကောင်းတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြည်သူတွေသူရဲကောင်းလို့သတ်မှတ်နေကြတဲ့ စစ်သားတွေနဲ့ ဒီဓာတ်ပုံလေးရဲ့နောက်ကွယ်က တကယ့်ဖြစ်ရပ်မှန်က ဘယ်လိုဖြစ်မလဲ??? သူရဲကောင်းဆိုတာကို လူတွေကဘယ်လိုသတ်မှတ်ကြတာလဲ??? လူတွေကင်ပွန်းတပ်ကြတဲ့ သူရဲကောင်းဆိုတဲ့ဂုဏ်ပုဒ်က အချိန်ကာလဘယ်လောက်အထိ တည်တံ့နိုင်မလဲ??? ဒါပေမယ့် သေအတူရှင်မကွာတိုက်ခိုက်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေကတော့ လူတွေပါးစပ်ဖျားကသူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်ထက် သူငယ်ချင်းတွေနဲ့အတူ တိုက်ပွဲမှာရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ အခက်အခဲအမှတ်တရတွေကို ပိုတန်ဖိုးထားပါသတဲ့လေ... ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။