7.0
180,021
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Ralph Breaks the Internet (2018)

Animation, Adventure, Comedy

Credits 200

Animation ချစ်သူများအတွက် Ralph နဲ့ Vanellope ပြန်လာပါပြီ! ဒီဇာတ်ကားလေးကတော့ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးထဲမှာ ဗီဒီယိုဂိမ်း character လေးတွေ ဘယ်လို survive လုပ်ကြတယ် ဆိုတဲ့အကြောင်း စိတ်ဝင်စားဖွယ် ဖန်တီးပုံဖော်ထားတာပါ။ ဂိမ်းထဲမှာ ဗီလိန်ဇာတ်ကောင်ဖြစ်နေပေမယ့် စိတ်ရင်းကောင်းတဲ့ Ralph နဲ့ ပြိုင်ကားမောင်းတဲ့ ချစ်စရာကောင်မလေး Vanellope တို့ဟာ ဂိမ်းလေးကစားလိုက်၊ ရောက်တက်ရာရာ စကားပြောလိုက်၊ ဘီယာလေးသောက်လိုက်နဲ့ ပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝလေးကို အတူတကွ ဖြတ်သန်းခဲ့ကြပါတယ်။ ဗီလိန်ဇာတ်ကောင်အဖြစ် ၂၇နှစ်လုံးလုံး လူမုန်းခံခဲ့ရတဲ့ Ralph အဖို့တော့ Vanellope လို သူငယ်ချင်းကောင်းတစ်ယောက် ရလာတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။ ဒါပေမယ့် တစ်နေ့ကျတော့ နှစ်ယောက်သား အဆန်းထွင်လွန်ပြီး Vanellope ပါဝင်တဲ့ Sugar Rush ဂိမ်းတစ်ခုလုံး အပိတ်ခံလိုက်ရပါတယ်။ ပိတ်ခံရတဲ့ အကြောင်းအရင်းကတော့ Vanellope ပြိုင်ကားမောင်းနေတုန်း အသစ်အဆန်းစွန့်စားခန်းဖြစ်အောင် Ralph က လမ်းသစ်ဖောက်ပေးလိုက်တဲ့အတွက် human player နဲ့ စည်းဝါးမကိုက် အလွဲလွဲအချော်ချော် ဖြစ်ကုန်ရာကနေ စတီယာရင် gadget ကြီး ပြုတ်ထွက်သွားလို့ပါပဲ။ အဲဒီ့ဖြစ်စဉ်ကို အကြောင်းပြုပြီး ဂိမ်း character တစ်ယောက်ရဲ့ ဘဝဖြစ်တည်မှုအတွက် ဗီဒီယိုဂိမ်းဆိုင်တွေကိုချည်း အားကိုးလို့မရတော့မှန်း သဘောပေါက်သွားတဲ့ Vanellope လည်း Slaughter Race ဆိုတဲ့ online auto racing ဂိမ်းတစ်ခုမှာ ဝင်ကစားခွင့်ရဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားလေးက လက်ရှိအချိန်မှာ IMDb rating 7.4/10, Tomatometer 88% ရရှိထားတဲ့ PG rating Comedy, Science, Fantasy animation လေး ဖြစ်ပါတယ်။ John C. Reilly, Sarah Silverman နဲ့ ပရိသတ်အချစ်တော် မတ်မတ် Gal Gadot (Wonder Woman) တို့က အသံသရုပ်ဆောင်အဖြစ် အဓိကပါဝင်အားဖြည့်ထားပါတယ်။