5.3
17,654
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Misconduct (2016)

Crime, Drama, Mystery

Credits 200

ရှေ့နေကေးဟေးလ်တို့နေထိုင်ရာမြို့မှာအကြီးအကျယ်ဖြစ်သွားခဲ့တဲ့အမှုတစ်ခုရှိပါတယ်။အဲ့ဒီအမှုကတော့ပီယာဆန်ဆိုတဲ့ဆေးဝါးဖြန့်ချိရေးကုမ္ပဏီကဆေးဝါးတွေကိုလူတွေနဲ့စမ်းသပ်ခဲ့ပြီးလူတွေရာနဲ့ချီသေဆုံးခဲ့တာပဲဖြစ်ပါတယ်။ဒီအမှုကိုတရားရင်ဆိုင်တဲ့အခါမှာဘာသက်သေမှမရှိတဲ့အတွက်ပီယာဆန်ကုမ္ပဏီက ကွင်းလုံးကျွတ်လွတ်သွားခဲ့ပါတယ်။တစ်နေ့မှာတော့ကေးဟေးလ်တစ်ယောက်သူ့ရဲ့ရည်းစားဟောင်းလဲဖြစ် ပီယာဆန်ကုမ္ပဏီ CEO ရဲ့ရည်းစားလဲဖြစ်နေတဲ့အမ်မလီနဲ့ပြန်တွေ့ခဲ့ပါတယ်။အမ်မလီက ကေးဟေးလ်ကိုအဲ့ဒီတုန်းကဆေးဝါးစမ်းသပ်တာတွေနဲ့ပတ်သတ်တဲ့သက်သေတွေကိုပေးခဲ့တဲ့အခါမှာကေးဟေးလ်တစ်ယောက်တရားထပ်စွဲဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့်လဲကံမကောင်းစွာနဲ့ပဲအဲ့ဒီကြားထဲမှာအမ်မလီသေသွားခဲ့တဲ့အတွက်ကေးဟေးလ်တစ်ယောက်ရှေ့နေဘဝကနေဝရမ်းပြေးဘဝဖြစ်သွားခဲ့ပြီးဆေးဝါးကုမ္ပဏီကိုတရားစွဲဖို့ကိုဘေးထားပြီးဝရမ်းပြေးဘဝကလွှတ်မြောက်အောင်အမှန်တရားကိုရှာဖွေပုံတွေကိုရှုစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်